Main menu

Background

ငါးရှဉ့်တစ်တန်-ဒေါ်လာ ၄၂ဝဝ ရရှိလာ

Wed, 12/08/2010 - 04:55 -- Anonymous (not verified)

 ငါးရှဉ့်တစ်တန်-ဒေါ်လာ ၄၂ဝဝ ရရှိလာ           မြန်မာနိုင်ငံမှ ဖမ်းဆီးရမိသည့် ငါးရှဉ့်များကို ပြည်ပသို့တင်ပို့ ရောင်းချရာတွင် ငါးရှဉ့်တစ်တန်လျှင် ဒေါ်လာ ၄၂ဝဝ ရရှိလာကြောင်း ငါးရှဉ့်လုပ်ငန်း ရှင်များ အသင်းက သိရသည်။           '' နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီအထိ အညာဘက်က ငါးရှဉ့်မထွက်တဲ့ ကာလတွေဖြစ်နေတာရယ်၊ တရုတ်နှစ်ကူးနီးလာတာရယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်း ဒေသကြီးတွေကတင်ပို့တဲ့ ငါးရှဉ့် နည်းသွားတာရယ်၊ ငါးရှဉ့်ဝယ်လိုအား လိုက်လာတာရယ် စတဲ့အခြေအနေ တွေကြောင့်ငါးရှဉ့်တစ်တန်ကို ဒေါ်လာ ၄၂ဝဝ အထိ ရလာတာပါ။ လောလောဆယ် မန္တလေးကနေမူဆယ်ကို တစ်နေ့ ငါးရှဉ့် ကားတစ်စီး လောက်ပဲ တက်နိုင် တဲ့ အနေအထားရှိပါတယ်'' ဟု ယင်း အသင်းမှ ဥက္ကဌ ဦးဘသော်ကပြောကြားသည်။            ငါးရှဉ့်များကို နိုဝင်ဘာလ ၂၈ ရက်နေ့အထိ မူဆယ်နယ်စပ် ကုန်သွယ် ရေးစခန်းမှ ဒေါ်လာ ၁၆ ဒသမ ဝ၁၁ သန်း၊ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ဝ ဒသမ ဝ၃၇ သန်းနှင့် လေကြောင်းလိုင်းက ဒေါ်လာ ဝ ဒသမ ဝ၆၆ သန်းဖိုး တင်ပို့ခဲ့ရာ စုစုပေါင်းဝင်ငွေ ဒေါ်လာ ၁၆ ဒသမ ၁၁၄ သန်းရရှိထားပြီး ဖြစ်သည်။ ခင်မျိုးသွယ်