Main menu

Background

သဘာဝမြစ် ငါးအကောင်ကြီးများ အထိအမိကောင်းလာ

Wed, 12/08/2010 - 05:02 -- Anonymous (not verified)

သဘာဝမြစ် ငါးအကောင်ကြီးများ အထိအမိကောင်းလာ              ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သဘာဝမြစ်ငါးအကောင်ကြီးများ အထိအမိကောင်းလာကြောင်း ရေချိုငါး မွေးမြူရေးအသင်းမှ သိရသည်။                 '' နိုဝင်ဘာလနောက်ဆုံးပတ်ထဲမှာ သဘာဝမှာပေါက်ဖွားကြီးပြင်းတဲ့ မြစ်ငါးတန်တွေကို တိုးမြစ်ကြီးဘေး မှာရှိတဲ့ ကဝက်ကင်းရွာမှာ ၂ ပိသာ ၅ဝ၊ ၃ ပိသာခန့်ရှိတဲ့ အရွယ်ကြီးတွေကို အုပ်လိုက်ဖမ်းဆီးရမိကြပါတယ်။ ဖမ်းတဲ့သူ တစ်ဦးတစ်ဦးကို ၁ဝ ကောင်ကနေ ၂၅ ကောင်အထိ ဖမ်းဆီးရခဲ့ကြပါတယ်။ဒါ့အပြင် ဈေးအမြင့်ရှိတဲ့ ငါးမြင်းငါးတွေကိုလည်း သာမန်ထက်ပိုပြီး ဖမ်းဆီးရမိတဲ့ အနေအထားမှာရှိပါတယ်။ မြစ်ထဲမှာ သဘာဝငါးတွေထုတ်လုပ်မှု တိုးတက်လာတဲ့ အနေအထားရှိပါတယ်'' ဟု ဧရာဝတီတိုင်းဒေသကြီး အခြေစိုက် ရေလုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။               ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် သဘာဝငါးများကို ရေလမ်းခရီးမှ တစ်ဆင့် ရန်ကုန်သို့ တင်ပို့ ရောင်းချရာတွင် အောက်တိုဘာလအတွင်း ငါးပိသာချိန် ၄ဝဝဝဝဝ ခန့်ကိုလည်းကောင်း၊ နိုဝင်ဘာလ အတွင်း ငါးပိသာချိန် ၃၅ဝဝဝဝ ခန့်ကို လည်းကောင်း ရေကြောင်းပို့ဆောင်ရေးဌာန (ဧရာဝတီဌာနခွဲ) မှ ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။                                                                                                                                          ခင်မျိုးသွယ်