Main menu

Background

ပြင်ဦးလွင်မှ နေပြည်တော် အဝေးပြေးယာဉ်လိုင်း ပထမဆုံးအကြိမ် စတင်ပြေးဆွဲပြီ

Wed, 12/08/2010 - 05:52 -- Anonymous (not verified)

 ပြင်ဦးလွင်မှ နေပြည်တော် အဝေးပြေးယာဉ်လိုင်း ပထမဆုံးအကြိမ် စတင်ပြေးဆွဲပြီ               ပြင်ဦးလွင်-နေပြည်တော် အဝေးပြေးယာဉ်လိုင်းကို ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်ရှိ သီရိပဒေသာ ယာဉ်ရပ်နားစခန်းမှ နိုဝင်ဘာလဒုတိယပတ်မှစ၍ ပထမဆုံးအကြိမ် စတင်ပြေးဆွဲပြီဖြစ်ကြောင်း သိရသည်။              အဝေးပြေးယာဉ်လိုင်းကို မန္တလာမင်းအဝေးပြေးယာဉ်လိုင်းမှ ညနေ ၆ နာရီခွဲတွင် နေ့စဉ်ပြေးဆွဲလျက်ရှိသည်။ သီရိပဒေသာ ယာဉ်ရပ်နားစခန်းမှ ဦးဟန်ညွန့်ငြိမ်းက 'ယာဉ်ရပ်နားစခန်းမှာ အရင်က အဝေးပြေးယာဉ်လိုင်း ၆ လိုင်း ပြေးဆွဲတယ်။ ပြင်ဦးလွင်-ရန်ကုန်လိုင်း ပြေးဆွဲခဲ့တယ်။ အရင်က နေပြည်တော်သွားချင်ရင် ရန်ကုန်လက်မှတ် ဖြတ်ပြီးစီးရတာ။ ရန်ကုန်လက်မှတ်က ၁၁၅ဝဝ ကျပ်ဖြတ်ရတယ်။ အခုနေပြည်တော်ကို တိုက်ရိုက်ပြေးဆွဲတဲ့အတွက် တိုက်ရိုက်သွားလို့လည်းရတယ်။ လက်မှတ်ခ ၅၇ဝဝ ကျပ်ဆိုတော့ ဈေးလည်းသက်သာတယ်' ဟုပြောပါတယ်။ သီရိပဒေသာယာဉ်ရပ်နားစခန်းတွင် ယာဉ်အစီးပေါင်း ၃၅ဝ နဲ့ ၄ဝဝ ကြား အဝင်အထွက်ရှိပြီး၊ အဝေးပြေးယာဉ်လိုင်း များတွင် ရွှေမန္တလာ၊ နယူးမန္တလာထွန်း၊ တက်လမ်း၊ မြတ်မန္တလာထွန်း၊ ရွှေစင်စြင်္ကာ၊ မန်းရွှေပြည်နဲ့ မန္တလာမင်းယာဉ်လိုင်းများ ပြေးဆွဲလျက်ရှိကြောင်းသိရပါတယ်။                                                         ဇူးဇူး