Main menu

Background

မန္တလေး အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ပုံမှန်ဖြစ်ပြီး အငှားဈေးကွက်သွက်

Wed, 12/08/2010 - 05:57 -- Anonymous (not verified)

 မန္တလေး အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ပုံမှန်ဖြစ်ပြီး အငှားဈေးကွက်သွက်            မန္တလေးမြို့ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ပုံမှန်ဖြစ်ပြီး အငှားဈေးကွက်သွက်လျက်ရှိပါတယ်။ အရောင်းအဝယ်ဈေးကွက်မှာ နိုဝင်ဘာလတတိယပတ် က အေးသွားခဲ့ပြီး၊ ဒီဇင်ဘာလဆန်းက အရောင်းအဝယ် ပုံမှန်ပြန်ဖြစ်လာပါတယ်။ အငှားဈေးကွက်မှာ မြို့တွင်းရော မြို့သစ်ပါ အငှားသွက်လျက်ရှိကြောင်း အိမ်ခြံမြေ အကိုျးဆောင်များထံမှ သိရပါတယ်။ မြို့သစ်ရှိ အိမ်ခြံမြေအကိုျးဆောင်တစ်ဦးက ''နိုဝင်ဘာလဆန်းပိုင်းက အရောင်းသွက်ခဲ့တဲ့ ''လလ'' ''ဆ'' ''တတ'' အကွက်တွေအားလုံး ဈေးအေးသွားပြီး အရောင်းအဝယ် ပုံမှန်ဖြစ်နေတယ်။ ''ဝဝ'' အကွက်က အဝယ်လိုက်နေတယ်။ မြို့ထဲ အိမ်ခြံမြေကတော့ Down Town ဧရိယာအတွင်းက သိန်း ၂၅ဝဝ၊ ၃ဝဝဝ၊ ၄ဝဝဝ ကျပ်ဝန်းကျင် အရောင်းအဝယ်ဖြစ်တယ်''လို့ ပြောပါတယ်။                 မြို့တွင်းက မန္တလေးမြို့အရှေ့ခြမ်းရှိ မဟာဇေယျာဘုံရပ်၊ အောင်တော်မူရပ်၊ ရန်မိုျးလုံနဲ့ ရွှေလံှရပ်များမှာ အဝယ်လိုက်လျက်ရှိပါတယ်။ ရွှေလံှရပ်ကြားကွက်များမှာ မျက်နှာစာ တစ်ပေကို သိန်း ၇ဝ ကျပ်၊ လမ်းမတန်း သိန်း ၁ဝဝ ကျပ်ဈေးရှိပြီး၊ ရန်မိုျးလုံရပ်ကွက်မှာ ကြားကွက်မျက်နှာစာ တစ်ပေကို ကျပ် ၃၅ သိန်း၊ အောင် တော်မူရပ်မှာ ကျပ် ၄ဝ သိန်းရှိပြီး၊ လမ်းမတန်းပေါ်မှာ သိန်း ၈ဝ၊ ၉ဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ နေရာကောင်း အကွက်အကွင်းကောင်းရင် မျက်နှာစာ တစ်ပေကို ကျပ်သိန်း ၁ဝဝ ကျပ်ရှိကြောင်းသိရပါတယ်။                 အိမ်ခြံမြေအငှားလုပ်ကိုင်သူတစ်ဦးက 'အငှားဈေးကွက်မှာ ၈၄ လမ်း၊ လမ်း ၈ဝ ၊ ၇၃ လမ်း၊ ၃၅ လမ်း၊ ၃၆ လမ်း၊ လမ်း ၃ဝပေါ်မှာ အငှားအရမ်းဖြစ်တယ်။ မြို့သစ်ဘက်ကလည်း သူ့နေရာနဲ့သူဖြစ်နေတယ်။ ဒီလထဲမှာ အငှားသွက်တယ် ပြောရမယ်။ မြို့ထဲပိုင်းကတော့ စီးပွားရေးလုပ်ရင်းနေမယ့်သူများပြီး မြို့သစ်က သီးသန့်ခြံကျယ်၊ အိမ်ကောင်းကောင်းနဲ့နေတဲ့သူ အငှားများတယ်။ မြို့သစ်ဆို လမ်းကောင်းတဲ့ ၆၃ လမ်း၊ ၆၆ လမ်း၊ ၇၃ လမ်း၊ ၆၈ လမ်းပေါ်မှာ အငှားလိုက် နေတယ်'လို့ ပြောပါတယ်။                အငှားဈေးကွက်အနေနဲ့ မြို့တွင်းပိုင်းမှာ RC နှစ်ထပ်ကို ၃ သိန်းမှ ၇ သိန်း အတွင်း အငှားဖြစ်ပြီး၊ မြို့သစ်ပိုင်းမှာ ခြံကျယ်ကျယ် အိမ်ကောင်းကောင်း RC ၃ ထပ်ကို ၃ သိန်း၊ နှစ်ထပ်ကို ၂ သိန်းခွဲဝန်းကျင်နဲ့ အငှားသွက်ကြောင်း သိရပါတယ်။ အငှားဈေးနှုန်းများမှာ နေရာအကွက်အကွင်း၊ အိမ်ကောင်း လမ်းသာတဲ့အပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားကြောင်းသိရပါတယ်။ ဇူူးးဇူး