မော်တော်ယာဉ်တစ်စီး ဆီတစ်ခါသာ ထုတ်ခွင့် ရှိရန် အရောင်းဆိုင်များက ပြင်ဆင်မှုများပြုလုပ်လာ ပြင်ပဓာတ်ဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် မော်တော်ယာဉ်များမှာ ဆီဆိုင်များတွင် တစ်နေ့တည်း နှစ်ခါ၊ သုံးခါ တန်းစီမှုများ ပြုလုပ်လာသောကြောင့် မော်တော်ယာဉ် တစ်စီးလျှင် တစ်ခါသာ ဆီထုတ်ခွင့်ရှိရန် ဆီဆိုင်များ မှပြင်ဆင်မှုများ ပြုလုပ်လာကြောင်း မော်တော်ယာဉ်မောင်း တစ်ဦးက ပြောကြားသည်။၏ ဆိုင်ဈေးနဲ့ယှဉ်ရင် ဓာတ်ဆီ(ပြင်ပ)ပေါက်ဈေးက အရမ်း ကို မြင့်နေတယ်။ တစ်ဂါလန်ကို အမြတ်ကြီးပဲ ၆ဝဝ၊ ၇ဝဝ လောက်ရတော့ ကားတွေက နှစ်ခါ၊သုံးခါ ပြန်တန်းစီပြီး ဆီထုတ်ရောင်းစားကြ တယ်။ အပြင်ပေါက်ဈေးက တစ်ဂါလန် ကို ၃၄ဝဝ ကျပ်လောက်ရှိတယ်။ သူတို့ ကားတွေကနေ တစ်ဂါလန်ကို ၃၁ဝဝ/၃၂ဝဝ ကျပ်အထိပေးပြီး ပြန်ဝယ်ကြတယ်။ ဒီတော့ဆီဆိုင်တွေက အမှန်တကယ် ဆီလိုအပ်တဲ့သူတွေဆီ မရမှာစိုးလို့ ကားတစ်စီးကိုတစ်ခါသာ ဆီထုတ်ဖို့အတွက် ပြုလုပ်လာကြတယ်။ ဒီကားက တစ်ခါဆီထုတ်ပြီး နောက် တစ်ခါဆီ ပြန်လာထုတ်ရင် မရောင်းတော့ဘူး။ ဒီလောက် အထိဖြစ်လာတယ်''ဟု ယင်းက ပြောကြားသည်။ ယခုအခါတွင် တက္ကစီယာဉ်မောင်း အများစုမှာ ဓာတ်ဆီ အစား အောက်တိန်းဆီကိုသာ အစားထိုးသုံးစွဲလာကြကြောင်း လမ်းဘေးဆီဆိုင်များတွင် ဓာတ်ဆီရောင်းဈေးမှာ အောက်တိန်း ဆီဈေးထက်ပင် မြင့်တက်နေသောကြောင့် အင်ဂျင် သက်သာသော၊ ဆီစားသက်သာသော အောက်တိန်းဆီကို သာ ရွေးချယ်လာကြခြင်း ဖြစ်ကြောင်းနှင့် လက်ရှိဆီဆိုင်များ တွင် ရောင်းချပေးလျက်ရှိသော တစ်ဂါလန်ဈေးနှုန်းများမှာ ဓာတ်ဆီ ၂၅ဝဝ ကျပ်၊ အောက်တိန်းဆီ ၃၂ဝဝ ကျပ်နှင့် ဒီဇယ် ၃ဝဝဝ ကျြပ်ဖစေ် ကြာင်း သိရသည်။ မင်းသန့််
Background