Main menu

Background

ဒီဇင်ဘာလကုန်မှာ အိန္ဒိယနနွင်းလက်ငင်းဈေး တစ်တန်ကို ကန်ဒေါ်လာ ၃၉၈၉ ထိ ရောက်ရှိနိုင်

Wed, 12/08/2010 - 06:44 -- Anonymous (not verified)

ဒီဇင်ဘာလကုန်မှာ အိန္ဒိယနနွင်းလက်ငင်းဈေး တစ်တန်ကို ကန်ဒေါ်လာ ၃၉၈၉ ထိ ရောက်ရှိနိုင်                 အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ နနွင်းလက်ကျန်နည်းလာပြီဖြစ်တာကြောင့် လာမယ့်သီတင်းပတ် ၃ ပတ်မှ ၄ ပတ်အတွင်း နနွင်းလက်ငင်းဈေး စံချိန်တင်ပမာဏထိ မြင့်တက်လာဖွယ်ရှိတယ်လို့ လေ့လာဆန်းစစ်သူများနဲ့ ကုန်သည်များက နိုဝင်ဘာလ ၃ဝ ရက်နေ့က ပြောကြားပါတယ်။ အခိုျ့ဒေသတွေမှာ စိုက်ပိုျးထားတဲ့ နနွင်းပျက်စီးမှု တွေနဲ့ ရောင်းလိုအားနည်း တာတွေကြောင့် အင်ဒရာပရာဒေ့ရှ်ပြည်နယ်တောင်ပိုင်းရဲ့ အဓိက ကုန်သွယ်မှုလုပ်တဲ့ နီဇမ်မာဘတ်မှာ လက်ငင်းဈေးဟာ လွန်ခဲ့တဲ့လထက် ၁၆ ရာခိုင်နှုန်းမြင့်တက်ပြီးတစ်တန်ကို ရူပီး ၁၇ဝ၁၆၆ ဒသမ ၅ဝ ကို အမြင့်ဆုံးရောက်ခဲ့တယ်လို့ သိရပါတယ်။                 လေ့လာဆန်းစစ်သူတွေရဲ့ ပြောကြားချက်အရ ကမ္ဘာမှာအများဆုံးထုတ်လုပ်တဲ့ အိန္ဒိယရဲ့ နနွင်းဈေးဟာ နနွင်းအသစ်ရိတ်သိမ်းမှုစတင်မယ့် ဖေဖော်ဝါရီလတိုင်အောင် ဆက်လက်မြင့်တက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလ ၂၉ ရက်နေ့ဟာ NCDEX မှာ နနွင်းအခြေခံစာခုျပ်ဈေးဟာ နိုဝင်ဘာလ ၁ ရက်နေ့နောက်ပိုင်း ၃၇ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရူပီး ၁၆၃၅ဝဝ (ကန်ဒေါ်လာ ၃၆၂၄) ဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာလကုန်မှာ လက်ငင်းဈေးဟာ တစ်တန်ကို ရူပီး ၁၈ဝဝဝဝ (ကန်ဒေါ်လာ ၃၉၈၉) ဈေးထိ ရောက်ရှိလာနိုင်တယ်လို့ ထိပ်တန်း လေ့လာဆန်းစစ်သူ Chawda Reddy  က ပြောကြားပါတယ်။              ကုန်သည်တွေက ဈေးထပ်တက်မယ့် မျှော်လင့်ချက်နဲ့ လက်ကျန်တွေ ထိန်းထားတဲ့အတွက် ပြည်တွင်း ဝယ်လိုအားကောင်းပြီး ရောင်းလိုအားက နည်းနေတယ်လို့ Reddy  က ဆက်လက်ပြောကြားပါတယ်။ နီဇမ်မာဘတ်မှ ကုန်သည် Poonam Chand Gupta  က ခန့်မှန်းတာတော့ လက်ရှိနနွင်းလက်ကျန်ဟာ ၇ဝ ကီလိုဝင်အိတ် ပေါင်း ၄ သိန်း ဝန်းကျင်ရှိနိုင်လို့ ယခင်နှစ်များရဲ့ ကာလတူပျမ်းမျှလက်ကျန် အိတ် ၇ သိန်း- ၈ သိန်းထက် ထက်ဝက်လျော့တယ်လို့ ဆိုပါတယ်။                   ဒါပေမဲ့ Angle Commodities  မှ ထိပ်တန်းလေ့လာဆန်းစစ်သူ Nalini Rao  ကတော့ နနွင်းဈေးနှုန်းအမြင့်မှာ ကြာရှည်မဖြစ်နိုင်ပါဘူးလို့ ဆိုပါတယ်။ နနွင်းစိုက်ဧရိယာပိုမိုလာခြင်းက အချိန်အခါမဲ့ မိုးရွာသွန်းလို့ အချို့နနွင်းတွေ ပျက်စီးတဲ့ တိုင် ၂ဝ၁၁ ဇွန်လအထိ ယခုရာသီအတွင်း နနွင်းအထွက်ဟာ အိတ်ပေါင်း ၆ ဒသမ ၅ သန်း၊ ရာခိုင်နှုန်းအားဖြင့် ၃၅ ရာခိုင်နှုန်း ပိုမိုနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။                                                                 ယမင်းခင်၊ှSources: Dow Jones