Main menu

Background

မြန်မာ-ကိုရီးယား စီးပွားရေးစကား

Wed, 12/08/2010 - 08:11 -- Anonymous (not verified)

 မြန်မာ-ကိုရီးယား စီးပွားရေးစကား                   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံး (KOTRA) တို့ရဲ့စီစဉ်မှုအရ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်တို့ နဲ့ ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင် တို့ ၃.၁၂.၂ဝ၁ဝ နေ့၊ ၁၂ း ဝဝ နာရီ ကုန်သည်ကြီးများဟိုတယ်မှာ စီးပွားရေး စကား ပြောကြားခဲ့ကြပါတယ်။                     တွေ့ဆုံပွဲကို ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူးဦးအောင်စိုးနဲ့ အရာထမ်းများ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနဲ့ ညီနောင်အသင်းအဖွဲ့များမှ လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ စီးပွားရေးသံမှူး ဒေါက်တာ PARK Chulho  အပါအဝင် သံရုံးမှတာဝန်ရှိသူများနဲ့ လုပ်ငန်း ရှင်များ စုစုပေါင်း ၂ဝဦးတက်ရောက်ခဲ့ကြပြီး မြန်မာနဲ့ကိုရီးယားနှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု ပိုမိုမြှင့်တင်ရန် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ နောက်  တစ်ကြိမ် ဆွေးနွေးပွဲကို နောက်သုံးလအကြာမှာ စီးပွားရေး စကားထပ်မံ ပြောကြားဖို့ ချိန်းဆိုထားတဲ့အတွက် ကုန်သွယ်မှုအကြောင်း ထပ်လောင်း ပြောဆိုလိုသူများ ကြိုတင် ပြင်ဆင်ထားဖို့လိုကြောင်းပါ ခင်ဗျား။                                          ပြည်ပမောင်