Main menu

Background

ဘုရင့်နောင်မှာ မတ်ပဲ RC ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်

Thu, 12/09/2010 - 05:07 -- Anonymous (not verified)

ဘုရင့်နောင်မှာ မတ်ပဲ RC ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်                     ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ပဲမိုျးစုံရောင်းဝယ်တဲ့ကုန်သည်ကြီး များ ပုံမှန်လာရောက်ကြပြီး မတ်ပဲ (RC) နဲ့ မတ်ပဲ (SQRC) သာ အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲ (RC) ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ကုန်သည်ကြီးများက ရန်ကုန်ဈေးကွက် မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးအနည်းငယ်ကျဆင်း နေမှုအပေါ် ဈေးချဝယ်ယူမှုတွေရှိသလို ရောင်းသူကုန်သည်များက အရောင်းများနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၇၅၅ဝဝဝ ကျပ်မှ အမြင့်ဆုံး ၇၆၉ဝဝဝ ကျပ် အတွင်း တန် ၂၁၈၅ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ကုန်သည်ကြီးများက မတ်ပဲ (SQRC) တစ်တန်ကို အနိမ့်ဆုံး ၉၃ဝဝဝဝ ကျပ်မှ အမြင့်ဆုံး ၉၄၈ဝဝဝ ကျပ်အတွင်း ၇၅၉တန် အဝယ်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေး အကျဘက်မှာရှိနေတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ပဲစင်းငုံနီ (RC) ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ကုန်သည်များက တစ်တန် ကို ၅၂၅ဝဝဝ ကျပ်နဲ့ ဈေးဖွင့်အဝယ်ရှိပေမယ့် ရောင်းသူကုန်သည် များက ဝယ်ယူတဲ့ဈေးကို မကြိုက်နှစ်သက်လို့ အရောင်းအဝယ်အေး နေတယ်လို့ သိရပါတယ်။