Main menu

Background

အောင်လံမှာ ပဲတီစိမ်းနဲ့ စမုံနက်နှမ်းဈေးကျ

Thu, 12/09/2010 - 05:25 -- Anonymous (not verified)

အောင်လံမှာ ပဲတီစိမ်းနဲ့ စမုံနက်နှမ်းဈေးကျ                  ပဲတီစိမ်းကြီးကို မန္တလေးဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၃၇၅ကျပ် (တစ်တန်ကို ၈၄၂ဝ၃၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့်သာ အရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။စမုံနက်နှမ်းကိုမန္တလေးဝယ်လက်ကအဝယ်အေးသွားတာကြောင့် ယခင်အပတ်နဲ့ စာရင်ဈေးကျလာပြီး တစ်ပိဿာကို၂၄၄၅ကျပ် (တစ်တန်ကို၁၄၉၇၂၉၃ကျပ်)နဲ့အရောင်းအဝယ် ဖြစ်မှုနည်းခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။