Main menu

Background

မလေးရှားနိုင်ငံသို့ လွှတ်ကျောင်းမွေးမြူရေး နွားအကောင် ၆ဝဝဝ တင်ပို့ရန် စာချုပ်ထားပြီးဖြစ်

Thu, 12/09/2010 - 08:35 -- Anonymous (not verified)

 မလေးရှားနိုင်ငံသို့ လွှတ်ကျောင်းမွေးမြူရေး နွားအကောင် ၆ဝဝဝ တင်ပို့ရန် စာချုပ်ထားပြီးဖြစ်                 ကမ္ဘာမင်း ကုမ္ပဏီမှ လွှတ်ကျောင်းမွေးမြူရေး နွားအကောင် ၆ဝဝဝ တင်ပို့ရန် မလေးရှား ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ထားပြီ ဖြစ်ကြောင်း သိရပါတယ်။ မလေးရှားနိုင်ငံသို့ တင်ပို့မဲ့လွှတ်ကျောင်း မွေးမြူရေး နွားအမျိုးအစားမှာ နွားပြာ စိမ်း အမျိုးအစား ဖြစ်ပြီး ပထမအကြိမ် နွားမ အကောင် ၅ဝဝ ကို ဒီဇင်ဘာလ ပထမ အပတ် မှာ တင်ပို့မှာဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာမင်း ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးသောင်းတန်က ''နွားပြာစိမ်း အမျိုးအစားက ပုဂံ၊ ညောင်ဦး၊ မိတ္ထီလာ အနီးတစ်ဝိုက်က ရတယ်။တောင်သူတွေအနေနဲ့ လွှတ်ကျောင်းနွားကို ဒီထက်ပိုပြီး မွေးမြူထားမယ်ဆို ဈေးကွက်တစ်ခု ဖြစ်လာနိုင်တယ်။ မလေးရှားက ဈေးကောင်းပေးဝယ်တဲ့ အတွက် ပိုလံျှ နွားတွေလည်းဖြစ်တော့ တောင်သူတွေအနေနဲ့ ဈေးကွက်တစ်ခု ရလာနိုင်တယ်။FATA ဖြစ်ရင် ဈေးကွက်က ဒီထက် ကျယ်ပြန်လာနိုင်တယ်။ မလေးရှားကို ဖေဖော်ဝါရီလအတွင်းမှာ နွားမအကောင် ၃ဝဝဝ တင်ပို့မယ်။ အထီး ၃ဝဝဝ ကို နောက်ပိုင်းဆက်ပြီး တင်ပို့မယ်'' လို့ ပြောပါတယ်။               ပြည်ပသို့ တင်ပို့မဲ့ နွားများကို မိတ္ထီလာခရိုင် မြင်းကန်အုပ်စု၊ ဆင်စလွယ် ကျေးရွာမှာ ရောဂါရှိမရှိ စစ်ဆေးပြီးမှ တင်ပို့ရကြောင်း သိရပါတယ်။ '' ပြည်ပ မပို့ခင်မှာ တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက စစ်ဆေးပြီး ရောဂါမရှိကြောင်း လက်မှတ်ကို တစ်ကောင်ချင်းစီထုတ်ပြီးမှ တင်ပို့ရတယ်။ မပို့ခင် ၁၅ ရက်လောက် ဒီမှာစစ်ဆေးခံတယ်။ ခွာနာ၊ လျှာနာရောဂါ၊ ဒေါင့်သန်းရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါ၊ တီဘီရောဂါ ရှိမရှိ စစ်ဆေးတယ်။ မလေးရှားနိုင်ငံဘက်ကလည်း ရောဂါရှိမရှိ လာရောက် စစ်ဆေးပြီးမှ တင်ပို့မယ်''လို့ ပြောပါတယ်။ ဇူးဇူး