Main menu

Background

သစ်မွှေးပျိုးပင်ထက် မျိုးစေ့ဝယ်လိုအားများပြီး ဈေးနှုန်းမြင့်တက်

Thu, 12/09/2010 - 08:45 -- Anonymous (not verified)

 သစ်မွှေးပျိုးပင်ထက် မျိုးစေ့ဝယ်လိုအားများပြီး ဈေးနှုန်းမြင့်တက်            မြန်မာနိုင်ငံတွင် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းသည့် သစ်မွှေးပင်များ၏ မျိုးစေ့များသည် ရန်ကုန်မြို့တွင် အရောင်း အဝယ် နည်းပါးသော်လည်း နယ်ဈေးကွက်တွင် ဈေးနှုန်းမြင့် တက်လျက်ရှိကြောင်းသိရသည်။ လက်ရှိသည် သစ်မွှေးစိုက်ပျိုးသည့် ရာသီကုန်ဆုံးချိန် ဖြစ်သဖြင့် ရန်ကုန်ဈေးကွက်တွင် မျိုးစေ့နှင့် ပျိုးပင်ပေါက် ရောင်းချရမှု နည်းပါးလျက်ရှိပြီး နယ်မြို့များတွင် သစ်မွှေး မျိုးစေ့ ရောင်းချရမှုမြင့်တက်လျက်ရှိကြောင်း သိရသည်။ ''ရန်ကုန်အနီးတစ်ဝိုက်မှာ ရောင်းချရမှု နည်းသွားတယ်၊ နယ်မြို့တွေမှာတော့ ဈေးနှုန်းတွေ မြင့်တက်နေတယ်၊ သစ်မွှေး က တစ်ပိုင်တစ်နိုင်ကနေ စီးပွားဖြစ် စိုက်ပျိုးနိုင်တဲ့အတွက် စိတ်ဝင်စားမှုများတယ်''ဟု သစ်မွှေးမျိုးစေ့ရောင်းချသူ တစ်ဦး က ပြောကြားသည်။ ရန်ကုန်ဈေးကွက်သည် စိုက်ပျိုးသည့် ကာလ ပြီးဆုံးချိန်ဖြစ်သဖြင့် ရောင်းချရမှု နည်းပါးသည့်အပြင် ဈေးနှုန်းများပါ လိုက်ပါကျဆင်းလျက်ရှိကြောင်း၊ နယ်မြို့များ တွင်လည်း ပိုျးပင်ထက် မျိုးစေ့ရောင်းချရမှု မြင့်မားနေပြီး မျိုးစေ့ တစ်ဘူး(နို့ဆီဘူး)လျှင် ငွေကျပ် တစ်သိန်းဝန်းကျင် ရှိကြောင်း၊ ပျိုးပင်များအနေဖြင့် တစ်ပင်လျှင် ကျပ် ၅ဝဝဝ မှ ကျပ် ၂ဝဝဝဝ အထိရှိပြီး ရောင်းချရမှုနည်းပါးလျက်ရှိ ကြောင်း သိရသည်။             သစ်မွှေးစိုက်ပျိုးခြင်း ၅ နှစ်အတွင်းကျပ် သိန်း ၂ဝ ခန့် အမြတ်ရရှိနိုင်သည့်အပြင် မျိုးကောင်းပါက ရေရှည်စိုက် ပျိုးသွားနိုင်ခြင်းကြောင့် နယ်မြို့များတွင် စိတ်ဝင်စားမှု များပြား လျက်ရှိကြောင်း သိရသည်။ ''သစ်မွှေးစိုက်မယ်ဆိုရင် သက် ဆိုင်ရာရဲ့ခွင့်ပြုချက်နဲ့ ဆေးထိုးခွင့်ကိုပါ တင်ပြရတယ်၊ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြရင် ပြည်ပပို့ကုန် တစ်မျိုးအထိ ဖြစ် လာမှာပါ ''ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။           သစ်မွှေးပင်သည် မြန်မာနိုင်ငံအပါအဝင် တရုတ်နိုင်ငံ တောင်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ စသည့် အာရှတောင်ပိုင်းနိုင်ငံများတွင် စိုက်ပျိုးဖြစ်ထွန်းပြီး သစ်မွှေးဆီသည် တစ်ကမ္ဘာလုံးမှ ဝယ်လိုအားမြင့်မားကြောင်း၊ အာရပ်နိုင်ငံများတွင် သစ်မွှေးဆီများကို ရိုးရာပူဇော်ပွဲများတွင် သာမက အိမ်ဧည့်ခန်းတွင်အသုံးပြုကြသည့်အပြင် သစ်မွှေး ပင်၏ အခေါက်အသားများကိုပါ ဝယ်ယူကြသည့်အတွက် တစ်ပင်လုံး အကျိုးအမြတ်ရရှိကြောင်း သိရသည်။ သစ်မွှေးပင်များအား မျိုးအောင်ရန် ဆေးထည့်သွင်း ခြင်းကို ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ ဝန်ဆောင်မှုပေးလျက် ရှိပြီး သစ်တောရေးရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ပါရှိရကြောင်း သိရသည်။                                                                                       ကိုဖြိုး