Main menu

Background

ဖားကန့်၊ လဝါးလိမ္မော် ဈေးကွက်ထဲရောက်

Thu, 12/09/2010 - 08:48 -- Anonymous (not verified)

 ဖားကန့်၊ လဝါးလိမ္မော် ဈေးကွက်ထဲရောက်               ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လဝါး၊ ဒွန်ဘန်ဒေသများမှာ နိုဝင်ဘာလဆန်းက လိမ္မော် သီးများ စတင် ထွက်ပေါ်လာခဲ့ပါတယ်။ ယခင်က လဝါး၊ ဒွန်ဘန်ဒေသများမှာ လိမ္မော်အနည်း ငယ်သာ စိုက်ပျိုးထွက်ရှိသော်လည်း လွန်ခဲ့သော ၅ နှစ်၊ ၆ နှစ်မှစပြီး လုပ်ငန်းရှင်များမှ လီဒို ကားလမ်းကြီး ဘေးဝဲယာတစ်လျှောက်မှာ ခြံများဝယ်ယူပြီး စီးပွားဖြစ်ရင်းနှီးမြုပ်နံှ စိုက်ပျိုးခဲ့ရာ ယခုအခါ လိမ္မော်သီးထွက်ရှိမှု များပြားလာခဲ့ပါတယ်။                ယခုနှစ် သစ်သီးဝလံရောင်းဝယ်သူများမှာ လဝါးဒေသ လိမ္မော်သီးများကို မိုးကောင်း ဈေးကွက်သို့တင်ပို့၍ ရောင်းဝယ်နေကြသလို ခြံပြတ်၊ အပင်ပြတ်လည်း ဝယ်ယူနေကြပြီး၊ လဝါးမှ မိုးကောင်း၊ မိုးကောင်းမှတစ်ဆင့် ဖားကန့်၊ စစ်ကိုင်း၊ မန္တလေးသို့ တင်ပို့လျက်ရှိပါတယ်။               ဒေသတွင်း လိမ္မော်သီး(လက်လီ)ဈေးတစ်လုံး အသေး ၃၅ကျပ်၊ အကြီး ၅ဝ ကျပ်၊ လဝါး ဒေသခြံပြတ် ဈေးမှာ အသီးအရေအတွက်၊ အပင်အရေအတွက်ဖြတ်ပြီး ၂ဝ သိန်းမှ ၃ဝ သိန်းထိ ရောင်းဝယ်လျက်ရှိပါတယ်။ အပင်ပြတ် ဈေးမှာ ၄ လုံးလျှင် ၁ဝဝ ကျပ်ရှိပါတယ်။ ယခုနှစ်မှာ မိုးများတဲ့အတွက် လိမ္မော်သီးအထွက်နှုန်း ပိုမိုလာခဲ့တာ ကြောင့် ခြံရှင်များဝမ်းသာနေကြသ လို လိမ္မော်ဝယ်ယူရောင်းချသူများ၊ တစ်နိုင်တစ်ပိုင်သယ်ယူရောင်းချ သူများမှာလည်း တွက်ခြေ ကိုက်နေကြောင်း သိရပါတယ်။ ဝင်းသိန်းဦး