ပေါ်ဦးပေါ်စ မျက်နှာလှနေတဲ့ ဆန်သစ် ပဲခူးတိုင်းဒေသကြီးအရှေ့၊ သနပ်ပင်မြို့နယ်၊ မကြက်စုကျေးရွာမှာ ယခုနှစ်မိုးစပါးတွေ ရိတ်သိမ်းနေပြီမို့ ဆန်သစ် တွေထွက်လာပါပြီ။ ဆန်၊ စပါးအဟောင်းတွေ လက်ကျန်များစွာရှိနေသေးပေမယ့် ဆန်သစ်တွေကတော့ ဈေးမာမာနဲ့ အရောင်းသွက်နေပါတယ်။ ဧည့်မထစပါး (မနောသုခ/ဆင်းသုခ) စပါးဟောင်းတင်း ၁ဝဝ ကို ၃၈ဝဝဝဝ ကျပ်၊ ဧည့်မထဆန်ဟောင်း တစ်အိတ် ၁၄၅ဝဝ ကျပ်ဖြစ်ပြီး ဧည့်မထစပါး (မနောသုခ/ဆင်းသုခ) စပါးသစ် တင်း ၁ဝဝ ကို ၃၄ဝဝဝဝ ကျပ်၊ ဧည့်မထဆန်သစ်တစ်အိတ် ၁၃ဝဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေကြပါတယ်။ ''စပါးသစ်ပေါ်ခါစဖြစ်လို့ အများ အပြားတော့ မရောင်းကြသေးဘဲ၊ စားဆန်ကို တစ်အိတ် ၁၃ဝဝဝ ကျပ်နဲ့သွင်းရပြီး၊နွေစပါးအတွက် မျိုးကိုတော့ ၄သိန်း ဈေးနဲ့ရောင်းရလို့ တွက်ချေကိုက်ပါတယ်''လို့ မကြက်စုကျေးရွာမှ လယ်သမားကြီး ဦးတင်ငွေမှ ပြောပါတယ်။ မြင့််အောင်
Background
