ဘတ်ငွေတန်ဘိုးအားပျော့လာလို့ ၉ လအတွင်း မြင့်မားနေတဲ့ ထိုင်းဆန်ဈေးကျဆင်းလာ ဒေါ်လာတန်ဖိုးနဲ့ လဲလှယ်ရာမှာ ဘတ်ငွေတန်ဖိုး အားပျော့လာတဲ့အတွက် အာရှ အခြေခံစံနှုန်းဖြစ်တဲ့ ထိုင်းဆန်ဈေးဟာ ကျဆင်းလာခဲ့ပြီး ပြည်တွင်းဆန်ဈေး ကတော့ ပြောင်းလဲမှုမရှိဘူးလို့ ထိုင်းဆန်တင်ပို့သူများအသင်းက ပြောကြားပါတယ်။ ထိုင်းဆန် ၁ဝဝ မှတ်အဆင့် B ဆန်ဖြူဈေးဟာ တစ်တန်ကို ၁ ဒေါ်လာကျဆင်းပြီး ကန်ဒေါ်လာ ၅၆၆ ဖြစ်ခဲ့တယ်လို့ အသင်းမှအရာရှိတစ်ဦးဖြစ်တဲ့ Pisanu Sangyoo က ဆိုပါတယ်။ ယခင်တစ်ပတ်က ဒေါ်လာ ၅၆၇ ရှိခဲ့လို့ ဖေဖော်ဝါရီလ ၁၇ ရက် နောက်ပိုင်းမှာ အမြင့်ဆုံးဈေးဖြစ်ခဲ့တယ်လို့လည်းဆိုပါတယ်။အလားတူ ၂၅ မှတ် ဆန်ဈေးကလည်း တစ်တန်ကို ကန်ဒေါ်လာ ၄၈၉ မှ ၄၈၈ ကို ကျဆင်းခဲ့တယ်လို့ ထပ်လောင်းပြောကြားပါတယ်။ ထိုင်းဘတ်ငွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်၊ ၅ ရက်က တစ်ဒေါ်လာကို ဘတ် ၃ဝ ဒသမ ၁၅ ကို ရောက်ရှိခဲ့တာကြောင့် နိုဝင်ဘာလ ၂၆ ရက်နောက်ပိုင်း အများဆုံးကျဆင်းခဲ့တယ်လို့ ဘလွန်းဘတ်က စုဆောင်းထားတဲ့ စာရင်းတွေအရ သိရပါတယ။် လမင်း၊Sources: bloonberg .com
Background
