၂ဝ၁၁ အတွက် ဖိလစ်ပိုင်နိုင်ငံသည် ဆန်တန်ချိန် ၁ ဒသမ ၄ သန်းဝန်းကျင် လိုအပ်မှုရှိနိုင် ဖိလစ်ပိုင်နိုင်ငံ အမျိုးသားစားနပ်ရိက္ခာ အာဏာပိုင် (NFA) က ပြည်သူလူထုအတွက် အထောက်အပံ့ ပေးတဲ့ အနေ နဲ့ ရောင်းချပေးနေတဲ့ ဆန်လက်ကားဈေးနှုန်းကို တစ်ကီလိုကို ၂၃ ဒသမ ၅ဝ ပီဆို (ကန်ဒေါ်လာသုည ဒသမ၅၄ ဝန်းကျင်) မှ ၂၅ ပီဆို (ကန်ဒေါ်လာ သုည ဒသမ ၅၇ ဝန်းကျင်)ထိ တိုးမြှင့်ရောင်းချဖို့ အတည်ပြုလိုက်ကြောင်း သိရ ပါတယ်။ လက်လီဈေးနှုန်းကိုလည်း တစ်ကီလိုကို ၂၅ ပီဆိုမှ ၂၇ ပီဆိုအထိတိုးမြှင့်ရောင်းချမယ်လို့ သိရပါတယ်။ အခြေခံ ဈေးနှုန်းကို မြှင့်တင်ပေးလိုက်ခြင်းက လယ်သမားများအတွက် စဉ်ဆက်မပြတ်ထောက်ပံ့မှုကို ဖြစ်စေတဲ့အပြင် NFA အနေနဲ့ ပြည်သူလူထုကို ရေရှည်ထောက်ပံ့မှု ပေးနိုင်စေပါတယ်။ ဆန်ဈေးနှုန်း တည်ငြိမ်မှုကိုလည်း ဖြစ်စေကြောင်း NFA အုပ်ချုပ်ရေးမှူး Angelito T.Banayo က ပြောကြားပါတယ်။ ဖိလစ်ပိုင်က ၂ဝ၁၁ အတွက်လည်း ပြည်ပမှ ဆန်တင်သွင်းရဦးမှာဖြစ်ရာ ၂ဝ၁၁ တွင် ဆန်တန်ချိန် ၁ ဒသမ ၃ သန်း၊ ၁ ဒသမ ၄ သန်းကြား လိုအပ်မှာဖြစ်ကြောင်း၊ ဒီဇင်ဘာ ၆ ရက်နေ့ကကျင်းပခဲ့တဲ့ လယ်ယာစိုက် ပျိုးရေးဝန်ကြီး Proceso J.Alcala ဦးဆောင်တဲ့ ဆွေးနွေးပွဲမှာ ဆန်ဘယ်လောက်တင်သွင်းမယ်၊ ဘယ်အချိန်မှာ တင်သွင်းမယ်ဆိုတာကို မဆုံးဖြတ်ရသေးကြောင်း၊ လောလောဆယ် ဆန်သိုလှောင်ထားရှိမှု အတော်အတန်များနေသေးကြောင်း သိရပါတယ်။ ပပ၊ Source:bworldonline.com
Background
