ဂျပန်နိုင်ငံက တင်ဒါစနစ်နဲ့ ဆန်တန်ချိန် ၆၃ဝဝဝ ဝယ်ယူမယ ဂျပန်နိုင်ငံဟာ ဆန်တန်ချိန် ၆၃ဝဝဝ ဝယ်ယူဖို့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ တင်ဒါခေါ်သွားမယ်လို့ ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနဲ့ သားငါးဝန်ကြီးဌာနက အတည်ပြု ပြောကြားကြောင်း သိရပါတယ်။ ပြောင်းအများဆုံး တင်သွင်းတဲ့ ဂျပန် နိုင်ငံအနေနဲ့ဆန်ဖူလုံမှုရှိပါတယ်။ ဒါပေမဲ့ ၁၉၉၃ ခုနှစ် WTO ဆွေးနွေးမှုမှာ ဆန်တင်ပို့နိုင်ငံများနဲ့ သဘောတူညီ ချက်အရ နှစ်စဉ်ဆန်တန်ချိန် ၇၇ဝဝဝဝ ဝယ်ယူရမှာဖြစ်ပါတယ်။ ဆန် ဝယ်ယူမယ့် ပမာဏများအနက် တန်ချိန် ၂၆ဝဝဝ မှာ အမေရိကန်က ဝယ်ယူမှာ ဖြစ်ပြီး ထိုင်းနိုင်ငံက တန်ချိန် ၁၉ဝဝဝ နဲ့ ကျန်တဲ့ပမာဏကို အခြားဆန် တင်ပို့ နိုင်ငံများက ဝယ်ယူသွားမယ်လို့ သိရပါတယ်။ လမင်း၊Sources: oryza .com
Background
