Main menu

Background

အင်ဒိုနီးရှားဆန်ဈေးကွက်ကို ဝင်ရောက်နိုင်ဖို့ ပါကစ္စတန်ကြိုးစားနေ

Sun, 12/12/2010 - 04:25 -- Anonymous (not verified)

 အင်ဒိုနီးရှားဆန်ဈေးကွက်ကို ဝင်ရောက်နိုင်ဖို့ ပါကစ္စတန်ကြိုးစားနေ                လတ်တလောပြည်တွင်း ဆန်ဖူလုံမှုမရှိတဲ့ အင်ဒိုနီးရှားနိုင်ငံကို ဆန်တင်ပို့နိုင်ဖို့ ထိုင်းနဲ့ ဗီယက်နမ်တို့က အင်ဒိုနီးရှားနဲ့ သဘောတူညီ ချက်များပြုလုပ်ထားသလို ပါကစ္စတန်အစိုးရကလည်း အင်ဒိုနီးရှားကို ဆန်တင်ပို့ရေး အစိုးရအချင်းချင်း သဘောတူညီချက် ရေးထိုးဖို့ ကြိုးစား နေတယ်လို့ သိရပါတယ်။ ပါကစ္စတန်အစိုးရက အင်ဒိုနီးရှားကို ဆန် တင်ပို့ရေး ကမ်းလှမ်းခဲ့ပေမယ့် သက်ဆိုင်ရာဝန်ကြီးများက ဆွေးနွေးနေ ဆဲဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံပိုင်လုပ်ငန်းရှင်များဝန်ကြီး Mustafa Abubakar က ပြောကြားပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ဗီယက်နမ် က ဆန်တန်ချိန် ၅၅ဝဝဝ နဲ့ ထိုင်းနိုင်ငံက ဆန်တန်ချိန် ၅ဝဝဝဝ တင်သွင်းဖို့ သဘောတူ လက်မှတ် ရေးထိုးထားကြောင်း သိရပါတယ်။ အင်ဒိုနီးရှားဟာ ၂ဝ၁ဝ နှစ်ကုန်ပိုင်းမှာ ဆန်တန်ချိန် ၅၅ဝဝဝဝ တင်သွင်း သွားမယ်လို့ သိရပါတယ်။                 လဝန်း၊ှSources: oryza .com