ပဲလွန်းဖြူ အသစ် ဈေးကွက်ထဲစဝင် လက်ကျန်ဟောင်းထဲက တန် ၁ဝဝ ပင်လယ်ရေကြောင်းက တင်ပို့ ယခုတစ်ပတ်မှာ အခြားပဲ အုပ်စုတွေထဲမှာ ပဲလွန်းဖြူတစ်မျိုးသာ ပင်လယ်ရေကြောင်းက တင်ပို့မှု ရှိခဲ့ တာတွေ့ရပါတယ်။ ပဲဟောင်းလက်ကျန် ပြတ်သွားပြီး ပဲအသစ် မဝင်မီ စပ်ကူးမတ်ကူးကာလမှာ တင်ပို့မှု ခေတ္တရပ်သွားတာဖြစ်ပါတယ်။ အချို့ ဈေးကွက်တွေကို အစောပိုင်းစိုက် ပဲလွန်းဖြူ တွေ အနည်းအကျဉ်း ဝင်ရောက်မှုရှိပြီ လို့ သိရပါတယ်။ ယခုတစ်ပတ် (ဒီဇင်ဘာလ ၁ ရက်မှ ၇ ရက်) အတွင်းမှာ တော့ ပဲလွန်းလက်ကျန် တန်ချိန် ၁ဝဝ ခန့်ကို ထိုင်း၊ ကိုရီးယားနဲ့ အင်ဒိုနီးရှားကို တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာလ တစ်လလုံး ပဲလွန်းဖြူ တင်ပို့မှုကိုကြည့်ရင် တန်ချိန် ၅ဝဝ ကျော်သာရှိပြီး ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလမှာ တန်ချိန် ၁၂ဝဝ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ရန်ကုန်FOB ဈေးအနေနဲ့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ပဲလွန်း FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၉ဝ-၈ဝဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
Background
