ဟင်္သာတဈေးကွက် ပဲလွန်းဖြူ သစ်များ အနည်းငယ်ဝင်လာပြီ ဟင်္သာတ ဈေးကွက်သို့ ပဲလွန်းဖြူသစ်မှာ ဒီဇင်ဘာလဆန်းမှစ၍ အနည်းငယ်စီ ဝင်ရောက်လာပါတယ်။ ဒီနှစ်မှာ ပဲအဟောင်းက တစ်တင်းကို ၂၃၅ဝဝ ကျပ်နဲ့ ဈေးပိတ်ခဲ့ပြီး၊ ယခုပဲ သစ်တစ်တင်းကို ၂၁ဝဝဝ ကျပ်နဲ့ ဈေး ဖွင့်ခဲ့တယ်လို့သိရပါတယ်။ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းဒေသများနဲ့ ဟင်္သာတ ခရိုင်အတွင်း မြို့နယ်များမှ ဟင်္သာတမြို့ ကမ်းနားပွဲရုံများသို့ တစ်နေ့ကို ပိဿာ ၂ဝ ဝင် အိတ် ၅ဝ ခန့် လာရောက် ရောင်းချတယ်လို့ သိရပါတယ်။ အေးအေးခိုင်
Background