ပဲတီစိမ်း တန် ၂ဝဝဝ ခန့်သာ တင်ပို့မှုရှိ ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းတင်ပို့မှုအနေနဲ့ ပဲတီစိမ်းတန်ချိန် ၂၆ဝဝ ခန့်တင်ပို့မှုရှိခဲ့ရာမှ ယခု (ဒီဇင်ဘာ ပထမပတ်) အတွင်းမှာတော့ တန်ချိန် ၂ဝဝဝ ခန့် သာတင်ပို့မှုရှိခဲ့ပါတယ်။ နယ်စပ်လမ်းကြောင်းမှ တရုတ်ဘက်က အဆွဲနည်း သလို အိန္ဒိယဘက်ကလည်း အဝယ်အေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မန္တလေးဘက်က ထွက်ရှိတဲ့ အညာပဲတီစိမ်းအချို့တော့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ လက်ကျန်မရှိသလောက်နည်းတဲ့ ပဲတီစိမ်းအတွက် ဈေးကွက်အရောင်းအဝယ်က စိုးရိမ်စရာမရှိဘူးလို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ နိုဝင်ဘာလအတွင်း ပဲတီစိမ်းတင်ပို့မှုအနေနဲ့ တန်ချိန် တစ်သောင်းနီးပါး ရှိပြီး အောက်တိုဘာလမှာ တန်ချိန် တစ်သောင်းကျော်တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလ တင်ပို့မှုကို လေ့လာရာမှာတော့ တန်ချိန် ၁၂ဝဝဝ ကျော် တင်ပို့မှုရှိခဲ့လို့ ယခုနှစ် နိုဝင်ဘာလမှာ အနည်းငယ် လျော့ကျတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်ဈေးဖြစ်တဲ့ ပဲတီစိမ်း(အညာ) တစ်တန်ကို ကန်ဒေါ်လာ ၉၅ဝ- ၉၆ဝ နဲ့ ပခုက္ကူတစ်တန်ကို ကန်ဒေါ်လာ ၉၇ဝ-၉၈ဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT
Background