မုံရွာကုလားပဲဈေးကွက် မန်းဝယ်လက် အဝယ်သွက် မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာပထမပတ် ကုလားပဲဈေးကွက်မှာ ဈေးအနည်း ငယ်အေးသွားပေမဲ့ ဒေသတွင်းနဲ့ နယ်လက်ပုံမှန်အဝယ်သွက်ခဲ့လို့ အရောင်းအဝယ် ပမာဏ အခြားပဲများထက်သာခဲ့တယ်လို့ ကုန်စည်ဒိုင် ရပ်ကွက်ကဆိုပါတယ်။ ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲတစ်တင်းဈေးတွေအနေနဲ့ ကုလားပဲ တိုင်ပေ ၂၁ဝဝဝ ကျပ်မှ ၂၂၅ဝဝ ကျပ်၊ ကုလားပဲ V2 ၂၃ဝဝဝ ကျပ်မှ ၂၃၈ဝဝ ကျပ်နဲ့ 929 ၂၃ဝဝဝ ကျပ် အသီးသီးပေါက်ခဲ့ရာ ယခင်လကထက် ဈေးအနည်းငယ် အေးသွားခဲ့ပါတယ်။ မုံရွာဒေသက စက်သမားတွေ နေ့စဉ် အဝယ်ရှိခဲ့ရာ တစ်နေ့ တင်း ၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့သလို မန္တလေးဝယ်လက်အနေနဲ့ ဒီရက်ပတ် ထဲမှာ မျိုးအဖြစ် အဝယ်ပိုခဲ့တဲ့ အတွက် မုံရွာကုန်စည်ဒိုင်ကနေ မန္တလေးကို တင်း ၄ဝဝ နီးပါး တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ ထွန်းလှိုင်
Background