Main menu

Background

ကြိုပွိုင့်ဈေးမြင့်တက်လို့ အိန္ဒိယကုလားပဲဈေးကျဆင်းရာက ပြန်ခိုင်လာ

Sun, 12/12/2010 - 05:24 -- Anonymous (not verified)

ကြိုပွိုင့်ဈေးမြင့်တက်လို့ အိန္ဒိယကုလားပဲဈေးကျဆင်းရာက ပြန်ခိုင်လာ                  အိန္ဒိယ ပြည်တွင်းဈေးကွက်တွေမှာ ပဲခွဲစက်တွေက ဝယ်လိုအား အကန့်အသတ်သာရှိလို့ ဈေးကျဆင်းခဲ့ရာမှ ကုလားပဲကြိုပွိုင့်ဈေး မြင့်တက်တာ ကြောင့် ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းမှာ ပြန်ခိုင်မာလာတယ်လို့ သိရပါတယ်။ ကုလားပဲတစ်တန်ကို ရူပီး ၂၃၂၅ဝ -၂၃၃ဝဝ ( ကန်ဒေါ်လာ ၅၁၆-၅၁၇) ရှိခဲ့ရာမှ ရူပီး ၂၃၅ဝဝ (ကန်ဒေါ်လာ ၅၂၂) ကိုမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ လက်ကျန် လျော့ကျလာခြင်းနဲ့ လက်ထပ်ရာသီအတွက် ပဲခွဲစက်များနဲ့ လက်လီဆိုင်များက ဝယ်လိုအား ကောင်းလာဖွယ်ရှိလို့ NCDEX  မှာ ကုလားပဲကြိုပွိုင့်ဈေး ပြန်မြင့်လာ ခြင်းဖြစ်တယ်လို့ သိရပါတယ်။               NCDEX မှာ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလ စာချုပ်ဈေးဟာ တစ်တန်ကို ရူပီး ၂၄၉၄ဝ နဲ့ ရူပီး ၂၅၅၆ဝ (ကန်ဒေါ်လာ ၅၅၄ နဲ့ ၅၆၇) ဈေးရှိခဲ့ပါတယ်။ လက်ရှိ ကုလားပဲစိုက်ဧရိယာ ၂ ဒသမ ၉၇ ရာခိုင်နှုန်းကျဆင်းနေပေမဲ့ ရာသီဥတု ကောင်းမွန်ခြင်းကြောင့် စိုက်ဧရိယာ တိုးတက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ သြစတြေးလျက ဝင်ရောက်လာတဲ့ ကုလားပဲများ အရည်အသွေးညံ့ခြင်းကလည်း အစောပိုင်းဈေးကျဆင်းဖို့ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။                                                                                                 ယမင်းခင်၊ Sources: the hindubusinessline