စီးပွားရေးအထူးဇုန်များမှာ ပဲခွဲစက်များ တည်ထောင်ဖို့ အိန္ဒိယအစိုးရကခွင့်ပြု အိန္ဒိယနိုင်ငံဟာ ပဲမိုျးစုံပြည်ပတင်ပို့မှုကို ပိတ်ပင်ထားပေမဲ့ စီးပွားရေးအထူးဇုန်များ (SEZs) မှာ ကုန်ကြမ်းများ တင်သွင်းခြင်းဖြင့် ပဲခွဲစက်များ တည်ထောင်ဖို့ ကုမ္ပဏီ ၄ ခုကို ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ စီးပွားရေးအထူးဇုန်များဟာ ပြည်ပတင်ပို့မှုများ ပြုလုပ်နေပြီး ၂ဝဝ၉-၂ဝ၁ဝ မှာ နိုင်ငံရဲ့ ပြည်ပသင်္ဘောတင်ပို့မှုမှာ ၃၅ ရာခိုင်နှုန်းခန့် ပါဝင်တင်ပို့လျက် ရှိပါတယ်။ ပဲပြုပြင်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်များအနေနဲ့ ပြည်တွင်းထွက်ကုန်များကို ဝယ်ယူခြင်းမရှိဘဲ ပြည်ပကသာ တင်သွင်းမယ်ဆိုရင် ၎င်းတို့အနေနဲ့ စက်များတပ်ဆင်နိုင်တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားပါတယ်။ စီးပွားကူးသန်း ဒုတိယဝန်ကြီးRahul Khullar ခေါင်းဆောင်တဲ့ ဝန်ကြီးဌာနအတွင်း ခွင့်ပြုချက်ပေးတဲ့ အဖွဲ့မှ Prakash Overseas ကုမ္ပဏီကို အင်ဒိုရီ စီးပွားရေးအထူးဇုန်မှာလည်းကောင်း Kogta Import Export ပုဂ္ဂလိကကုမ္ပဏီအား Nasik ခရိုင်အတွင်းရှိ Multi Product စီးပွားရေးဇုန်မှာလည်းကောင်း၊Diet Foods International ကို နက်ပါခရိုင်မှာရှိတဲ့ စက်မှုဇုန်မှာလည်းကောင်း၊ Kitchen Express Overseas ကုမ္ပဏီအား Kandla မှာရှိတဲ့ စက်မှုဇုန်မှာလည်းကောင်း ခွင်ြ့ပုခဲ့တယ်လို့ သိရပါတယ်။ မတ်လအတွင်းက စီးပွားရေးအထူးဇုန်များအနေနဲ့ ဘာစမာတီမဟုတ်တဲ့ ဆန်များနဲ့ ပဲမိုျးစုံတို့ကို ကုန်ကြမ်းများ တင်သွင်း၊ ကုန်ချောပြုလုပ်တာ ပြန်လည်တင်ပို့ခွင့် ပြုထားခဲ့ပါတယ်။ အိန္ဒိယအစိုးရဟာ ပြည်တွင်း ဈေးကွက်များအတွင်း အရေးပါတဲ့ ကုန်စည်များ ဈေးနှုန်းမြင့်တက်နေတာကြောင့် ဘာစမာတီမဟုတ်တဲ့ ဆန်နဲ့ ပဲမျိုးစုံလို စိုက်ပျိုးရေးထွက်ကုန် တွေ ပြည်ပတင်ပို့မှုကို ပိတ်ပင်ထားခဲ့ပါတယ်။ ပြည်တွင်းလိုအပ်ချက် ပြည့်မီဖို့ကို နှစ်စဉ် ပဲမျိုးစုံတန်ချိန် ၄ သန်းခန့် တင်သွင်း နေရပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ရာသီအတွင်း ပြည်တွင်းလိုအပ်ချက် တန်ချိန် ၁၈ သန်း-၁၉ သန်းခန့်ရှိမယ်လို့ ခန့်မှန်းထားပြီး ထုတ်လုပ်မှုအနေနဲ့ တန်ချိန် ၁၆ သန်းနီးပါးရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ရောင်းချမှု လိုအပ်ချက်ပြည့်မီဖို့ ပြည်ပက တင်သွင်းနေရဆဲဖြစ်ပါတယ်။ နိုင်ငံအတွင်း စီးပွားရေးအထူးဇုန် ၅၈ဝ သတ်မှတ်ထားတဲ့အနက် ၁၁၄ ဇုန်မှာလည်ပတ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ယမင်းခင်၊ှSources: P T I
Background