Main menu

Background

ယခုအပတ်နယ်စပ်မှ ဓာတ်ဆီ၊ ဒီဇယ်ဆီ တင်သွင်းမှုလျော့

Sun, 12/12/2010 - 06:37 -- Anonymous (not verified)

ယခုအပတ်နယ်စပ်မှ ဓာတ်ဆီ၊ ဒီဇယ်ဆီ တင်သွင်းမှုလျော့          ပြည်တွင်းလုပ်ငန်းသုံး၊ စက်ရုံသုံး စက်သုံးဆီများကို ပင်လယ်ရေကြောင်းလမ်း ကနေ နိုဝင်ဘာ ၂၉ရက်မှ ဒီဇင်ဘာ ၅ ရက်တာကာလအတွင်း ဒီဇယ်ဆီပီပါ ၂၁၅၄၃၅ ဒသမ ၂၅ပီပါ၊ တန်ချိန်အားဖြင့် နှစ်သောင်းရှစ်ထောင်ကျော်ကို ပင်လယ် ရေကြောင်းလမ်းကနေ တင်သွင်းလာခဲ့ပါတယ်။ အောက်တိုဘာတစ်လလုံးရဲ့ ဒီဇယ် အဝင်တန်ချိန်မှာ ၁၁၈ဝဝဝ ကျော်ဖြစ်ပြီး နိုဝင်ဘာလရဲ့အဝင်မှာ တန်ချိန် ၁၁၆ဝဝဝ ကျော်ဖြစ်တာကြောင့် နိုဝင်ဘာလမှာ တန်ချိန်၂၃၈ဝ လျော့နည်းတင်သွင်းလာတာ တွေ့ရပါတယ်။MIRT-DOT ယခုအပတ်နယ်စပ်မှ ဓာတ်ဆီ၊ ဒီဇယ်ဆီ တင်သွင်းမှုလျော့              ဒီဇင်ဘာလ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း တာချီလိတ်၊ ကန်ပိုက်တီးနဲ့ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဒီဇယ်ဆီံ ၂၁၄၃၇၈ ဂါလန်နဲ့ ဓာတ်ဆီ ၅၃၈ဝဝ ဂါလန် တင်သွင်းနိုင်ခဲ့ပါတယ်။ ဒီဇယ်ဆီကို တာချီလိတ်မှ ၁၄၂၁၈၉ ဂါလန်နဲ့ ကန်ပိုက်တီးမှ ၇၂၁၈၈ ဂါလန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၆၆၇ သန်းဖိုး တင်သွင်းခဲ့ပြီး ဓာတ်ဆီကိုတော့ တာချီလိတ် နယ်စပ်မှ ဓာတ်ဆီ ၃၄၅၅ဝ ဂါလန်နဲ့ ကော့သောင်းမှ ၅၃၈ဝဝ ဂါလန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၄၂ သန်းဖိုး တင်သွင်းခဲ့တာဖြစ်ပါတယ်။ တင်သွင်းမှုများလျော့နည်းခဲ့ သော်လည်း ယခင်အပတ်က တင်သွင်းခဲ့ခြင်းမရှိတဲ့ ကော့သောင်းနယ်စပ်က ယခု အပတ်မှ ဂါလန် ၁၉၂၅ဝ တင်သွင်းမှုတော့ရှိခဲ့ပါတယ်။ ကန်ပိုက်တီးစခန်းအနေနဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီအပြင် စက်ဆီ၊ ချောဆီဖြစ်တဲ့ Hydraulic ဆီနဲ့ Lubricant   ၁၃ တန်ကျော် တင်သွင်းမှုလည်း ရှိပါတယ်။ MIRT(DOBT)  လက်လီအရောင်းအဝယ်ဈေး         ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ဒီဇင်ဘာ ၂ဝ၁ဝ                 ဝယ်ဈေးဓာတ်ဆီ(ကျပ်)    ဝယ်ဈေးဒီဇယ်(ကျပ်) ရက်        ရန်ကုန်        မန္တလေး       ရန်ကုန်       မန္တလေး၆            ၃၃ဝဝ         ၃၄ဝဝ         ၂၈ဝဝ         ၃ဝဝဝ၇            ၃၃ဝဝ         ၃၄ဝဝ         ၂၈ဝဝ         ၃ဝဝဝ၈            ၃၂ဝဝ         ၃၄ဝဝ         ၂၈ဝဝ         ၃ဝဝဝ၉            ၃၂ဝဝ         ၃၄ဝဝ         ၂၈ဝဝ         ၃ဝဝဝ၁ဝ          ၃၁ဝဝ         ၃၄ဝဝ         ၂၈ဝဝ          ၃ဝဝဝMIRT-DOT