Main menu

Background

ဥရောပမှာ သာမန်ထက် ပိုအေးလို့ ရေနံစိမ်းမြင့်မား

Sun, 12/12/2010 - 06:46 -- Anonymous (not verified)

 ဥရောပမှာ သာမန်ထက် ပိုအေးလို့ ရေနံစိမ်းမြင့်မား                  ကမ္ဘာတွင် ရေနံသုံးစွဲမှုအမြင့်မားဆုံး အမေရိကန်ရဲ့ စီးပွားရေးပြန်လည် နာလန်ထူလာတဲ့အခြေအနေ အရှိန်ရလာတာကြောင့် လောင်စာဝယ်လိုအားများ မယ်ခန့်မှန်းကြပြီး ၂၆ လအတွင်း ရေနံစိမ်းဈေးနှုန်းအမြင့်ဆုံး နှုန်းကိုရောက်ရှိလာ ပါတယ်။ ၂ဝ၁ဝ နိုဝင်ဘာလအတွင်းက အမေရိကန်ရဲ့ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ တိုးတက် ကျယ်ပြန့်လာမှုအရှိန်အဟုန်က ၆ လအတွင်း အလျင်မြန်ဆုံးနှုန်းဖြစ်ခဲ့ ကြောင်း ဖော်ပြထားတဲ့ အမေရိကန်ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက်ပိုင်း ရေနံစိမ်းဈေးနှုန်း သုည ဒသမ ၅ ရာခိုင်နှုန်းမြင့်မားခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ Ben S.Bernanke က နောက်ထပ် စီးပွားရေးအကျပ် အတည်းဖြစ်နိုင်ဖွယ်ရာ အလားအလာမရှိကြောင်း မှတ်ချက်ချလိုက်ခြင်းကလည်း အမေရိကန်ဒေါ်လာတန်ဖိုးကို မြင့်မားစေသလို ရေနံကြိုပွိုင့်ဈေးနှုန်းကိုလည်း မြင့် မားစေခဲ့ကြောင်း သိရပါတယ်။                ဒါကြောင့် ဇန်နဝါရီလအရောက်ပို့ရေနံစိမ်းဈေးနှုန်းက တစ်စည်ကို ၁၆ ဆင့် မြင့်မားကာ ၈၉ ဒသမ ၃၅ ဒေါ်လာနဲ့ နယူးယောက် ကုန်စည်ရောင်းဝယ်ရေးတွင် ဒီဇင်ဘာ ၆ ရက်နေ့က အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုနှစ်အတွင်း ရေနံစိမ်း ဈေးနှုန်း ၁၂ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်းသိရပါတယ်။ ဇန်နဝါရီလငွေချေ ရမဲ့ ဘရန့်အမျိုးအစားရေနံစိမ်းမှာလည်း ၃၃ဆင့်(သုည ဒသမ ၄ရာခိုင်နှုန်း) မြင့်မားကာ တစ်စည်ကို ၉၁ ဒသမ ၇၅ ဒေါ်လာနဲ့ လန်ဒန်ICE Futuxes Europe Exchange  တွင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ရေနံစိမ်းဈေးမြင့်မားစေခြင်း အကြောင်းအရင်းတစ်ရပ်မှာ ဒီဇင်ဘာ ၃ ရက် က မီးထိုးဆီဈေးနှုန်းများ နှစ်နှစ်ကျော်ကာလအတွင်း အမြင့်မားဆုံးနှုန်းကို ရောက်ရှိ ခဲ့ပြီဖြစ်ကြောင်း၊ ဥရောပတွင် သာမန်မဟုတ် အေးမြတဲ့ရာသီဥတုကြောင့် မီးထိုးဆီ ဝယ်လိုအား များလာကြောင်း၊ ဇန်နဝါရီလအရောက်ပို့ မီးထိုးဆီတစ်ဂါလန်ကို သုည ဒသမ ၂ ရာခိုင်နှုန်းမြင့်မားကာ ၂ ဒသမ ၄၉၂၈ ဒေါ်လာနဲ့ နယူးယောက်ကုန်စည် ရောင်းဝယ်ရေးတွင် ဒီဇင်ဘာ ၆ ရက်က အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၃ရက်နေ့မှစပြီး တစ်ဂါလန်ကို ၂ ဒသမ ၄၈၇၄ ဒေါ်လာအထိရောက်ရှိခဲ့ရာ ၂ဝဝ၈ အောက်တိုဘာ ၈ နောက်ပိုင်း အမြင့်ဆုံးနှုန်းဖြစ်လာကြောင်း သိရပါတယ်။                                                         Source:bloomberg.com, ပပ