Main menu

Background

ဒေါ်လာပေါက်ဈေးကျဆင်းခြင်းနဲ့အတူ စိန်ဈေးနှုန်းကျဆင်းပြီး တန်ဆောင်တိုင်ကာလတွင် မန္တလေးစိန်ကုန်သည်များ အရောင်းအဝယ်ဖြစ်

Sun, 12/12/2010 - 06:50 -- Anonymous (not verified)

 ဒေါ်လာပေါက်ဈေးကျဆင်းခြင်းနဲ့အတူ စိန်ဈေးနှုန်းကျဆင်းပြီး တန်ဆောင်တိုင်ကာလတွင် မန္တလေးစိန်ကုန်သည်များ အရောင်းအဝယ်ဖြစ်              မန္တလေးစိန်ဈေးကွက်တွင် ဒေါ်လာ ဈေး ကျဆင်းလျက်ရှိခြင်းကြောင့် စိန်ဈေးနှုန်းမှာ တစ်ရတီကို ၄ဝဝဝ ကျပ်၊ ၅ဝဝဝ ကျပ်ဈေးကျဆင်းလာကြောင်း သိရပါတယ်။            မန္တလေး Gem Centers မှ ဒေါ်ခင်လေးမြင့်က ''ဒီအချိန်မှာ ပွဲလမ်းသဘင် များလို့ အရောင်းအဝယ် ကောင်းသလို စိန်ဈေးနှုန်းကျတဲ့အတွက် ပစ္စည်းလည်း ပြန်ဝင်လာတယ်။ ဒီရက်ပိုင်းပစ္စည်းအစုံ ဝင်နေတယ်။ ရေတွက်လို့ မရနိုင်ဘူး။ ဒီရက်ပိုင်း အဝယ်များတာကတော့ စိန် အဖြူအနာနဲနဲပါတာ အဝယ်လိုက် တယ်။ ဈေးသက်သာတာလေးတွေ အဝယ်လိုက်လာတယ်။ တအားဆိုးတာ တော့ မဝယ်ကြဘူး၊ ဒီလမှာ ပွဲလမ်း သဘင်များလို့လား မသိဘူး ဆိုင်တော် တော်များများကို ဝယ်ကြတယ်''လို့ ပြော ပါတယ်။ မန္တလေးစိန်ဈေးကွက်မှာ စိန်ရတနာဆိုင်အများစုမှာအရောင်းအဝယ် ကောင်းလျက်ရှိပြီး စိန်များသာမက ဖန်စီကျောက်များလည်း ဝယ်ယူမှုပို ကြောင်း သိရပါတယ် ။             စိန်ဈေးနှုန်းမှာ ရိုးရိုးကျင်ဖြူ ၁ဝ လုံးစီး တစ်ရတီကို (ဝါပြီးညို) ၁ သိန်း ၂ သောင်းမှ ၁ သိန်း ၅ သောင်းကြား၊  (နဲနဲဖြူ) ၁ သိန်း ၈ သောင်းမှ ၂ သိန်း ၂ သောင်းကြား၊ (ဖြူနာ) ၂ သိန်း ၇ သောင်းမှ ၃ သိန်း ၇ သောင်းကြား ၊ (ဖြူနာ) ၂ဝ လုံးစီး ၂ သိန်းမှ ၂ သိန်း ၆ သောင်းကြား၊ ၄ဝ လုံးစီး (ဖြူနာ) ၁သိန်း ၈သောင်းမှ ၂ သိန်း ၅ သောင်း၊ ၃ သိန်းကြားဈေးများနဲ့ အရောင်း အဝယ ်  ရှိကြောင်း သရိ ပါတယ။် ဇူူးဇူူး