Main menu

Background

စိန်ဈေးကွက် အဖြူသန့်တစ်မိုျးတည်းသာ အရောင်းအဝယ်ဖြစ်

Sun, 12/12/2010 - 06:53 -- Anonymous (not verified)

 စိန်ဈေးကွက် အဖြူသန့်တစ်မိုျးတည်းသာ အရောင်းအဝယ်ဖြစ်                      ရန်ကုန်မြို့ စိန်ဈေးကွက်အတွင်း အရောင်းအဝယ်များအေးနေပြီး ယခုလတ်တ လောတွင် စိန်အဖြူသန့်တစ်မျိုးတည်းသာ အရောင်းအဝယ် အနည်းငယ်ဖြစ်နေ ကြောင်း စီအမ်စိန်ဆိုင်ပိုင်ရှင် ဦးရွှေကြည်က ပြောကြားသည်။ ''စိန်ဈေးကွက်က ခါတိုင်းနှစ်တွေထက်စာရင် အရမ်းကိုအေးတယ်လို့ ပြောလို့ ရတယ်။ စိန်ဈေးနှုန်းတွေလည်း နည်းနည်းပြန်ကျလာတယ်။ ပြည်တွင်းမှာ ဈေး ကွက်အေးနေပေမယ့် အိန္ဒိယနဲ့တရုတ်မှာ အရမ်းကိုအရောင်းအဝယ် ကောင်းနေ တယ်။ ပြည်တွင်းမှာ စိန်ထက် ရွှေဘက်ကို ပိုလှည့်လာတယ်။ ရွှေကချက်ချင်းထုတ် ရောင်းလို့ရတယ်လေ''ဟု ဦးရွှေကြည်က ပြောသည်။                          စိန်ဈေးကွက်အတွင်း ယခင်က ကျင်ဖြူများအရောင်းအဝယ်ဖြစ်သော်လည်း ယခုအခါတွင် အရောင်းအဝယ် မရှိတော့ကြောင်း၊ ကျင်ဖြူစိန်ဈေးမှာ ၄၄ တစ်ရတီ လျှင် အနိမ့်ဆုံးကျပ် ခုနစ် သောင်းခွဲမှ တစ်သိန်းခွဲအထိရှိကြောင်းနှင့် စိန်ဖြူသန့် ဈေးနှုန်းမှာ ၄၄ တစ်ရတီလျှင် အနိမ့်ဆုံး သုံးသိန်းမှ လေးသိန်း ရှစ်သောင်းအထိ ရှိကြောင်းသိရသည်။ မင်းသန့််