Main menu

Background

ရွှေဈေးကွက်အတွင်း ဝယ်လိုအားအနည်းငယ်ပြန်ရှိလာ

Sun, 12/12/2010 - 06:55 -- Anonymous (not verified)

 ရွှေဈေးကွက်အတွင်း ဝယ်လိုအားအနည်းငယ်ပြန်ရှိလာ             ယခုအခါတွင် ပြည်တွင်းရွှေဈေးကွက်အတွင်းတွင် အရောင်းအဝယ် အနည်းငယ်ပြန်ရှိလာသောကြောင့် ရွှေ ဈေးနှုန်းများမှာ အနည်းငယ် ပြန်မြင့် တက်လာကြောင်း ရွှေလုပ်ငန်းလုပ်ကိုင် သူတစ်ဦးက ပြောကြားသည်။ ''အခုငွေဈေးကလည်း နည်းနည်း ပြန်ကျသလို ကမ္ဘာ့ရွှေဈေးကလည်း ပြန်ကျလာတဲ့အတွက် အရောင်းအဝယ် နည်းနည်းပြန်ရှိလာတယ်။ အရမ်းကြီး တော့ မကောင်းသေးဘူး။ ဈေးကြီးမိ ထားတဲ့သူတွေကလည်းပြန်ထုတ်ရောင်း ဖို့ကို ဈေးကောင်း စောင့်ကြည့်နေကြ တယ်။ အခေါက်ချွတ်သမားတွေက တော့ပုံမှန်ပဲ။ နေ့တိုင်း အဟောင်းက အရောင်းအဝယ်ရှိနေတော့ အသစ်ပြန် လုပ်ရင် အခေါက်ချွတ်ရတယ်ဆိုတော့ သူတို့ကပုံမှန်လို့ ပြောလို့ရတယ်။ အခု ဒီနှစ်ကစပြီး သွားပြီဆိုတော့ လာမယ့် နှစ်ကို အရောင်းအဝယ် ပြန်ကောင်း အောင်စောင့်နေကြတယ်''ဟု ယင်းက ပြောကြားသည်။ ယခုလတ်တလောဈေးကွက်အတွင်း တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ဒီဇင်ဘာလ ၈ ရက်နေ့တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၂၈ အထိ မြင့် တက်ခဲ့ပြီး ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၁၃၃၈ သို့ ပြန် လည်ကျဆင်းလာကြောင်းနှင့် ပြည်တွင်း ရွှေဈေးနှုန်းမှာ အခေါက်ရွှေက တစ် ကျပ်သားလျှင် ၆၆၄ဝဝဝ ကျပ်သို့ ပြန် လည်မြင့်တက်လာကြောင်း သိရသည်။                                                                 မင်းးသန့််