ယခင်နှစ် နိုဝင်ဘာလကာလတူထက် ၇၈ ရာခိုင်နှုန်းခန့် ပိုတင်သွင်း ပြည်တွင်းကို ဆောင်းရာသီ သီးနံှစိုက်ပျိုးချိန်အမီ မြေဆီမြေသြဇာတွေ နိုဝင်ဘာလအတွင်း တန်ချိန် ၅၄၂၆ တန် တင်သွင်းကာ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၅၂၆ သန်းဖိုး အဝင်ရှိခဲ့ပါတယ်။ တင်သွင်းတဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ ကိုရီးယားဘက်က ၁၉တန်၊ မလေးရှားက ၆ တန်၊ ဘူစတန်က ၃ဝ၈ တန်၊ စင်ကာပူ က တန်ချိန် ၃၄ဝနဲ့ အာရပ်စော်ဘွားဘက်က တန်ချိန် ၆၆ဝ ကျော်ဖြစ်ပြီး အဓိက အများဆုံးတင်သွင်းတဲ့ နိုင်ငံကတော့ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ဖြစ်ပြီး တန်ချိန် ၂၅၅၆ တန်နဲ့ ၁၅၃၅ တန်ထိ အသီးသီးတင်သွင်းခဲ့တာ တွေ့ရပါတယ်။ ဒီနှစ်အတွင်း မြေဆီအဝင်က ယခင်နှစ် အလားတူကာလအဝင်နဲ့ယှဉ်ရင် တန်ချိန် ၂၃၉၄ တန် ပိုခဲ့တာကြောင့် အဝင် ၇၈ ရာခိုင်နှုန်းနီးပါး တိုးလာခဲ့တယ်လို့ ဆိုပါတယ်။ ရက်သတ္တပတ်အတွင်း အသွင်းအနေနဲ့တော့ ဒီသီတင်းပတ် နိုဝင်ဘာလ ၂၉ ရက်နေ့က နေ ဒီဇင်ဘာ ၅ ရက်နေ့အတွင်း ရေကြောင်းကနေ အဝင်မရှိခဲ့ပါဘူး။ MIRT (DOT) ရိဒ်နယ်စပ်မှာ တစ်ဖက်နိုင်ငံက ဓာတ်မြေသြဇာအဝင်များ ရိဒ်နယ်စပ်အနေနဲ့ကတော့ ယူရီးယားနဲ့ ပိုတက်ရှ်ဓာတ်မြေသြဇာများကိုသာ တင်သွင်းလေ့ရှိပါတယ်။ ယခုအခါ ပွင့်လင်းရာသီရောက်လာပြီး လမ်းများကောင်းမွန်လာပြီဖြစ်တဲ့အတွက် တစ်ဖက်နိုင်ငံမှ ယခုအပတ်အတွင်း ဓာတ်မြေသြဇာ အဝင်ပိုများတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း မူဆယ်၊ ရိဒ်၊ ကော့သောင်းနဲ့ တာချီလိတ်နယ်စပ်စခန်းများမှ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅ သန်းကျော်တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၂၆၆၆ တန် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကလည်း ဒီနယ်စပ်စခန်းများကပဲ ဓာတ်မြေသြဇာတင်သွင်းခဲ့ကြပြီး ယခုအပတ်မှာ တန်ချိန် ၁၅၄ဝ ကျော် ပိုမိုတင်သွင်းမှုရှိတာဖြစ်ပါတယ်။ မူဆယ်မှ တန် ၇၇ဝ၊ ရိဒ်မှ ၇၂၇တန်နဲ့ ကော့သောင်းမှ တန် ၁ဝဝပိုမိုတင်သွင်းခဲ့ပြီး တာချီလိတ်မှ ၂၆ တန်ကျော် လျော့နည်းတင်သွင်းခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီး ယားဓာတ်မြေသြဇာ ၅၆၄ဝ တန်၊ တီစူပါဖော့စဖိတ် ၂၆၉၂ တန်နဲ့ ကွန်ပေါင်း (NPK) (၁ဝး၁ဝး၅) ၁ဝ၅၁ တန် တင်သွင်းခဲ့ကြပါတယ်။ အခြားအမျိုးအစားတွေ ကတော့Single Super Phosphate ၊ အမိုးနီးယမ်း နိုတ်တြိတ်၊ Gypsum Fertilizer၊ ကွန်ပေါင်း ၁၅း၅း၅ ၊ ၁ဝး၁၅းဝ၊ ၁၂း၈း၅၊ ၁၅း၁၅း၁၅ နဲ့ ဒိုင်အမိုးနီးယမ်းဖော့ စဖိတ်တို့ ဖြစ်ပါတယ်။ MIRT(DOBT) ်ဈေးကွက်က ဈေးနှုန်း ပြည်တွင်းသုံး ဓာတ်မြေသြဇာအမျိုးမျိုး၏ ဒေသအသီးသီးရှိ ဈေးကွက်ပေါက် ဈေးများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ် -တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)ရွှေတောင် ၂၁ဝဝဝ ယူရီးယား(တရုတ်)ကမ္ဘာလုံး ၂ဝ၈ဝဝ တီစူပါ(သံကွင်း-တရုတ်) ၂၂ဝဝဝ တီစူပါ(မြှား-တရုတ်) ၂၁၈ဝဝ ပိုတက်(ကနေဒါ) ၂၂ဝဝဝ ပိုတက်(အိန္ဒိယ) ၂၂ဝဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်)ရွှေတောင် ၁၇၈ဝဝ ယူရီးယား(တရုတ်)ပန်းဖူး ၁၈၂ဝဝ တီဆူပါGTSP 46% ၁၉၇ဝဝ တီဆူပါGSSP 16% ၈၄ဝဝ တီဆူပါGSSP 12% ၇၈ဝဝ ကွန်ပေါင်း(တရုတ်) 15:15:15 ၂၅၅ဝဝ အာမို(ဒိုင်းမွန်းစတား) ၄ဝဝဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈၅ဝဝ ယူရီးယား(ရွှေတောင်-တရုတ်) ၂ဝဝဝဝ ယူရီးယား(ကမ္ဘာလုံး-တရုတ်) ၂ဝဝဝဝ ကုလားအုတ်(တရုတ်) ၂ဝဝဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၁၉ဝဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၁၉ဝဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၉ဝဝဝ တီစူပါ-(တရုတ်) 12% ၉ဝဝဝ တီစူပါ-(တရုတ်) 16% ၉၅ဝဝ တီစူပါ 15:15:15 (တရုတ်) ၃၇ဝဝဝ တီစူပါ 10:10:5 (တရုတ်) ၁၂၇ဝဝ ပိုတက်(တရုတ်) ၂၁၅ဝဝ ဓာတ်ဆား (တရုတ်) ၁၃ဝဝဝMIRT (MAPT)
Background