နိုဝင်ဘာမှာ ပင်လယ်ရေကြောင်းက တန်ချိန် ၅ဝဝဝဝ ကျော်ဝင် နိုဝင်ဘာလအတွင်း ပြည်တွင်းကို ရေကြောင်းလမ်းနဲ့ ဘိလပ်မြေအဝင်က တန်ချိန် ငါးသောင်းငါးရာကျော် တန်ဖိုး ကန်ဒေါ်လာ ၄ ဒသမ ၂၇၁ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ နိုဝင်ဘာလပွင့်လင်းရာသီမှာ ပြည်တွင်းတည်ဆောက်ရေးလုပ် ငန်းတွေကြောင့် ယခင်နှစ်က နိုဝင်ဘာလမှာ တန်ချိန် သုံးသောင်းနှစ်ထောင်ကျော် ကျော်သာသွင်းခဲ့ပေမဲ့ ဒီနှစ်ပိုင်းမှာ အသွင်းပိုမိုအားကောင်းကာ သုံးစွဲမှုပိုမိုခဲ့ပါတယ်။ ယခင်နှစ်က တရုတ်နဲ့ ထိုင်းဈေးကွက်တွေကပဲ အသွင်းရှိခဲ့ပေမဲ့ ဒီနှစ်တော့ အိန္ဒိယ၊ ပါကစ္စတန်၊ တရုတ်(တိုင်ပေ)အပါအဝင် နိုင်ငံစုံကတံဆိပ်အမျိုးမျိုးဈေးကွက် ထဲမှာ တင်သွင်းဖို့ ဖြန့်ဖြူးခဲ့တာတွေ့ရပါတယ်။ နိုဝင်ဘာနောက်ဆုံးအပတ်ဖြစ်တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ကနေ ဒီဇင်ဘာ ၅ ရက်နေ့တာကာလအတွင်း ပြည်တွင်းကို ပင်လယ် ရေကြောင်းကနေ ဘိလပ်မြေအဝင်ကတော့ ပုံမှန်အဝင်တန်ချိန် ၆ဝဝဝ နဲ့ ထိုင်း နိုင်ငံဘက်က အများဆုံးဝင်ခဲ့ကာ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၅၁ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ MIRT (DOT) ကန်ပိုက်တီးမှ ယခုအပတ် ဘိလပ်မြေ တင်သွင်းမှုလျော့ ဒီဇင်ဘာ ၁ ရက်မှ ၇ရက်အထိကာလအတွင်း နယ်စပ်စခန်းများမှ ဘိလပ်မြေ ၂၇၈၃ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၁၈ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းမှုများကတော့ ကန်ပိုက်တီးမှ ၆ဝ၃ တန်၊ တာချီလိတ်မှ ၁၂၁၂ တန်၊ လွယ်ဂျယ်မှ ၆၁၈ တန်၊ မူဆယ်မှ ၃၅၂ တန်နဲ့ ကော့သောင်းမှ ၂၅ တန် ဖြစ်ပါတယ်။ ယခင်အပတ်ကနဲ့ နှိုင်းယှဉ်လျှင် ၄၃၁၉ တန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ ယခုအပတ်မှာ မြိတ်နဲ့ ရိဒ်နယ်စပ်စခန်းများက တင်သွင်းမှုမရှိခြင်း၊ ကန်ပိုက်တီးနဲ့ တာချီလိတ်နယ်စပ်စခန်းများမှ တင်သွင်းမှု လျော့ နည်းခဲ့ခြင်းတို့ကြောင့် ယခင်အပတ်ကထက် တင်သွင်းမှုလျော့နည်းခဲ့ရခြင်းဖြစ်ပါတယ်။ အထူးသဖြင့် စီမံကိန်းလုပ်ငန်းအတွက် ဘိလပ်မြေအများဆုံး တင်သွင်းခဲ့တဲ့ ကန်ပိုက်တီးနယ်စပ်စခန်းမှ တန်ချိန် ၁၉ဝဝ ခန့် တင်သွင်းမှု လျော့နည်းခဲ့ခြင်းဟာ လည်း အဓိကလျော့နည်းရတဲ့အကြောင်းဖြစ်တယ်လို့ သိရပါတယ်။ MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေဖြန့်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် - တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝဝဝ(လက်ကား) ဘိလပ်မြေ(နှင်းတောင်) ၅ဝဝဝ ဘိလပ်မြေ (စိန်) ၄၉ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၄ဝဝ ဘိလပ်မြေ(AAA) ၅၇ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၃၅ဝ ဘိလပ်မြေ(TPI)ထိုင်း ၆၁ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅ဝဝဝ ဘိလပ်မြေ(နှင်းတောင်) ၆ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၁ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ဘိလပ်မြေ(ူLucky))ပါကစ္စတန် ၆၄ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၆ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၅ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၈၅ဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၃ဝဝမကွေး ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၄ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝMIRT (MAPT)
Background