Main menu

Background

နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်

Sun, 12/12/2010 - 07:40 -- Anonymous (not verified)

နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်                  ဒီဇင်ဘာလ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ လိပ်ပြာနှစ်ကောင် တံဆိပ် နို့မှုန့် ၂၄ တန်၊ ကန်ဒေါ်လာ ၆၈၃၃၃ ဖိုး တင်သွင်းခဲ့ပါတယ်။ ၅ဝဝ ဂရမ် အထုပ်ကြီးနဲ့ ၂ဝ ဂရမ်ဝင် အိတ် ငယ် ၂ဝ ပါ ၄ဝဝ ဂရမ် အထုပ်များ ယခုအပတ်မှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်ကတော့ နို့မှုန့် ၂၂ တန် တင်သွင်းခဲ့ပါတယ်။ နို့ဆီ၊ နို့စိမ်းအနေနဲ့တော့ ကော့သောင်းနယ်စပ်မှပဲ နို့ဆီ ၃၃၆ မက်ထရစ်တန်(၆၃၇ဝ ကာတွန်း)နဲ့ နို့စိမ်း ၂၃၄ မက်ထရစ်တန်(၄၄၃၇ကာတွန်း) တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၁၈ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ယခင် အပတ်ကထက် နို့ဆီရော၊ နို့စိမ်းပါ လျော့နည်းတင်သွင်းခဲ့ပြီး ရာသီဥတု ကောင်းမွန်မှုမရှိတဲ့တွက် လျော့နည်းခဲ့ရတယ်လို့ သိရပါတယ်။ ကော့သောင်း ဘက်မှာ နို့ဆီ ၁ ကာတွန်း ပေါက်ဈေး ၁၆ဝဝဝ ကျပ်နဲ့ နို့စိမ်း ၁ ကာတွန်းကို ၁၇ဝဝဝ ကျပ် ရှိပြီး တစ်ဖက်နိုင်ငံ ရနောင်းဘက်မှာ နို့ဆီ ၁ ကာတွန်းကို ဘတ် ၅ဝဝ နဲ့ နို့စိမ်း ၁ ကာတွန်းကို ဘတ် ၅၁ဝ အသီးသီးပေါက်တယ်လို့ သိရပါတယ်။MIRT(DOBT)