Main menu

Background

မုံရွာကုန်စည်ဒိုင်နှမ်းအဝင်လှိုင်လို့ ဆီဈေးကျလာ

Sun, 12/12/2010 - 08:02 -- Anonymous (not verified)

မုံရွာကုန်စည်ဒိုင်နှမ်းအဝင်လှိုင်လို့ ဆီဈေးကျလာ               မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာပထမပတ် ဆီထွက်သီးနံှဈေးကွက်အနေနဲ့ နယ်စုံက နှမ်းမျိုးစုံဈေးကွက်ထဲ အဝင်လှိုင်လာခဲ့လို့ နှမ်းမျိုးစုံဈေးကျလာခဲ့ရာ နှမ်းညိုတစ်တင်း ၂၁၅ဝဝ ကျပ်မှ ၁၉ဝဝဝ ကျပ်၊ နှမ်းနီတစ်တင်း ၂၃၂ဝဝ ကျပ်မှ ၂၁၅ဝဝ ကျပ်၊ နှမ်းဖြူတစ်တင်း ၂၅ဝဝဝ ကျပ်၊ ၂၃ဝဝဝ ကျပ်အသီးသီး ပေါက်ဈေး ဖြစ်ပေါ်ခဲ့ပါတယ်။ အခုလို နှမ်းအဝင်လှိုင်လာပြီ နှမ်းဈေးအေးလာလို့ ဆီဈေးလည်း ကျဆင်းလာခဲ့ရာ ယခုတစ်ပတ်အတွင်း နှမ်းဆီ တစ်ပိဿာ ၂၉ဝဝ ကျပ်မှ ၂၈ဝဝ ကျပ်၊ ပဲဆီ တစ်ပိဿာ ၃၁ဝဝ ကျပ်မှ ၃ဝ၅ဝ ကျပ်နဲ့ စားအုန်းဆီတစ်ပိဿာ ၂၅ဝဝ ကျပ်မှ ၂၄၆ဝ ကျပ်အသီးသီးဈေးအေးသွားခဲ့တယ်လို့ သိရပါတယ်။ ယခုပတ် အတွင်း မန္တလေးဝယ်လက်ရှိခဲ့လို့ နှမ်းမျိုးစုံတင်း ၃ဝဝဝ ခန့် မုံရွာဈေးကွက်ကနေ မန္တလေးကို စီးထွက်ခဲ့တယ်လို့ သိရပါတယ်။                                                              ထွန်းလှိုင်