Main menu

Background

မတ်ပဲဈေးဆက်တိုက်ဆင်းလာ

Sun, 12/12/2010 - 08:34 -- Anonymous (not verified)

အိန္ဒိယအစိုးရဟာ ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှထုတ်လုပ်မှုကို မြှင့်တင်ဖို့ သီးနံှဖွံ့ဖြိုးမှုအစီအစဉ်များစွာ ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံအတွင်း ပဲစိုက်ပျိုးတဲ့ ပြည်နယ် ၁၆ ခုမှာ ပဲမိုျးစုံထုတ်လုပ်မှု အရှိန်အဟုန်မြှင့်တင်ရေး အစီအစဉ် (A3P) ကိုလည်း စတင်ခဲ့ပါ တယ်။ ဒါကြောင့်လည်း ၂ဝ၁ဝ ဧပြီလမှ အောက်တိုဘာလအတွင်း ဈေးနှုန်းများ သိသိသာသာကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေးဆက်တိုက်ဆင်းလာ                အိန္ဒိယပြည်တွင်းဈေးကွက်များမှာ အရည်အသွေးနိမ့်ပဲများကို အဝယ်မရှိတာကြောင့် ဈေးချရောင်းနေ ကြတဲ့အတွက် ယခုတစ်ပတ် မှာလည်း မတ်ပဲဈေးက ဆက်တိုက်ဆင်းလာခဲ့ပါတယ်။ ဒါ့အပြင် ဆောင်းမတ်ပဲစိုက် ဧရိယာတိုးတက်နေတာကလည်း ဈေးနှုန်းကျဆင်း ဖို့ ဖိအားဖြစ်စေပါတယ်။ ဒါပေမဲ့လည်း အရည်အသွေးကောင်း မတ်ပဲ များကို ပြည်ပကဈေးအမြင့်နဲ့ တင်သွင်းနေရခြင်းက ဈေးနှုန်းကျဆင်း မှုကို ထိန်းထားနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မြန်မာနိုင်ငံမှာမတ်ပဲ လက်ကျန်နည်းပါးတာကြောင့် နိုင်ငံတကာမတ်ပဲဈေးက တစ်တန်ကို ကန်ဒေါ်လာ ၉၂ဝ ဝန်းကျင်မှာ တန်းနေတယ်လို့ အိန္ဒိယပြည်တွင်း ဈေးကွက်တွေက သတင်းတွေထွက်နေပါတယ်။ ကာလတိုအတွင်းမှာ ဝယ်လိုအားနည်းမယ်ဆိုရင် ဈေးဆက်ကျနိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။ ဈေးကွက် အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာ မတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်ဇယား-၁                                                                                                                  ဒေါ်လာ/တန်  ဈေးကွက်            ၉ .၁၂ .၁ဝ              ၈ .၁၂ .၁ဝ                     ၇ .၁၂ .၁ဝ                            ၆ .၁၂ .၁ဝမွန်ဘိုင်း                ၈၈ဝ                      ၈၈၇                             ၈၈၁                                    ၈၉၂ဒေလီ                    -                          ၈၉၈                            ၉ဝ၃                                     ၉ဝ၃ချန်နိုင်း              ၉၃ဝ-၁၁၇၉           ၉၃၁-၁၁၈ဝ                      ၉၂၆-၁၁၈၂                             ၉၂၅-၁၁၉၃