Main menu

Background

်ပဲစင်းငုံ ဈေးမာနေ

Sun, 12/12/2010 - 08:51 -- Anonymous (not verified)

ပဲစင်းငုံ ဈေးမာနေ               ယခုတစ်ပတ် အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ပဲစင်းငုံဈေးခိုင်မာနေတာတွေ့ရပါတယ်။ ပဲစင်းငုံအများဆုံးစိုက်ပိုျးတဲ့ ကာနာတာကာမှ ပဲဝင်ရောက်မှုဟာ နေ့စဉ်အိတ် ၅ဝဝဝ ခန့် ဝင် ရောက်မှုရှိရာက အိတ် ၄ဝဝဝ ကို ကျဆင်းလာခြင်းနဲ့ လက်ရှိဈေးနဲ့ အဝယ်အချို့ရှိနေတာကြောင့် ဈေးမာနေခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ လည်း လက်ရှိရာသီအတွင်း ပဲအထွက်ပိုမယ့်ခန့်မှန်းချက်များနဲ့ လက် ကျန်များရှိနေခြင်းကတော့ ဈေးမြင့်တက်မှုကို ထိန်းခုျပ်စေပါတယ်။ Agriwatch  ရဲ့ မိုးရာသီသီးနံှအထွက်ကို ပထမအကြိမ်ခန့်မှန်း ချက်အရ ယခင်နှစ်က ပဲစင်းငုံတန်ချိန် ၂၅ သိန်းထွက်ရှိရာမှ ယခုနှစ် မှာ တန်ချိန် ၃၁ ဒသမ ၈၈ သိန်းထွက်မယ်လို့ ခန့်မှန်းထားပါတယ်။ လတ်တလော ပဲစင်းငုံဈေးက လက်ရှိဈေးဝန်းကျင်မှာ ရှိနိုင်ပေမဲ့ ပဲ အသစ်များများဝင်လာမယ့် လာမယ့်ရက်တွေမှာတော့ ဈေးကျဆင်း နိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းထားပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ်- ဇယား-၄                                                                                                                          ဒေါ်လာ/တန် ဈေးကွက်                       ၉ .၁၂ .၁ဝ            ၈ .၁၂ .၁ဝ             ၇ .၁၂ .၁ဝ                  ၆ .၁၂ .၁ဝမွန်ဘိုင်း(မြန်မာပဲစင်းငုံ)      ၆၈၉                     ၆၈၇                    ၆၈၉-၆၉၁                     ၆၉၇ဒေလီ(မြန်မာပဲစင်းငုံ)           -                         ၆၈၇                        ၆၉၁                        ၆၉၇ချန်နိုင်း(မြန်မာပဲစင်းငုံ)        ၆၉၇                    ၆၉၈                        ၇ဝ၂                         ၇ဝ၂Source: agriwatch.com , MIRT (Yangon)