Main menu

Background

မူဆယ်နဲ့ချင်းရွှေဟော်မှ ရော်ဘာတင်ပို့မှုမြင့်

Sun, 12/12/2010 - 09:28 -- Anonymous (not verified)

 မူဆယ်နဲ့ချင်းရွှေဟော်မှ ရော်ဘာတင်ပို့မှုမြင့်           မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ဒီဇင်ဘာလ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း ရော်ဘာ ၁၈၄၈ တန်၊ ကန်ဒေါ်လာ ၆ သန်းကျော် ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၄ မှ ၃ဝ ရက်ထိ ကာလအတွင်းမှာ မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်နယ်စပ်စခန်းများ မှ ရော်ဘာ ၁၃၆၁ တန်၊ ကန်ဒေါ်လာ ၄ ဒသမ ၄ သန်းကျော်ဖိုးတင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ရော်ဘာ တန် ၄၈ဝ ကျော်ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ရော်ဘာဈေးသိသိသာသာ ပြောင်းလဲမှုမရှိသော်လည်း တရုတ်ဝယ်လိုအားကောင်းလျက်ရှိတဲ့အတွက် ယခင် အပတ်ကထက် တင်ပို့မှု ပိုမိုခဲ့ရတယ်လို့ ရော်ဘာ Exporter တစ်ဦးက ပြောပါတယ်။ ဧပြီလမှ နိုဝင်ဘာလကုန်အထိ နယ်စပ် စခန်းများမှ ရော်ဘာတန် ၂၃၇၂ဝ ခန့် တင်ပို့ ထားနိုင်ပြီးဖြစ်ပါတယ်။ မေလတစ်လသာ ရော်ဘာတင်ပို့နိုင်ခြင်းမရှိဘဲ ဧပြီလမှာ တန် ၂၆ဝဝ ကျော်၊ ဇွန်လမှာ တန် ၂၉ဝဝ ခန့်၊ ဇူလိုင်လမှာ ၃၆၂၅ တန်၊ စက်တင်ဘာလမှာ ၃၈၇၃ တန်နဲ့ အောက်တိုဘာမှာ တန် ၂၉၃ဝနဲ့ နိုဝင်ဘာလမှာ ၄၉၄ဝ တန်ကျော် အသီးသီးတင်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံ မြေပြင်ပေါက်ဈေးများကို ဖော်ပြ ပေးလိုက်ရပါတယ် -                                                 မိမိဘက်(ကျပ်/တန်)                             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                          ယခု                  ယခင်       ပြောင်းလဲမှု     %           ယခု           ယခင်  ပြောင်းလဲမှု      %RSS(3)            ၃၂၉၂၂၁၃        ၃၂၉၁၆ဝဝ        ၆၁၃       ဝ .ဝ၂         ၃၆၁ဝ        ၃၆ဝ၄       ၆           ဝ .ဝ၂RSS(5)            ၃၁၃၅၄၁၃         ၃၁၃၄၈ဝဝ        ၆၁၃      ဝ .ဝ၂         ၃၄၆ဝ        ၃၄၈၄       ၂၄          ဝ .၇MIRT (DOBT)