ယခင်နှစ်များထက် ပိုမိုတင်ပို့လျက်ရှိသည့် ရော်ဘာ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် တစ်ဖက်နိုင်ငံ မိန်းတိန်မြို့သို့ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် (ဧပြီလမှ နိုဝင်ဘာလအထိ) ရော်ဘာတန်ချိန် ၄၅၆၂ ဒသမ ၆၁ ၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆၅၄ ဒေါ်လာသန်းဖိုး တင်ပို့နိုင်ခဲ့ပြီးဖြစ်ပါတယ်၊ ယခင်ဘဏ္ဍာနှစ်အလားတူကာလထက် ပိုမိုတင်ပို့နိုင်ခဲ့ ကြောင်းနှင့် တစ်ဖက်နိုင်ငံမှ ဝယ်လိုအား ရှိနေ၍ ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီလုပ်ငန်းရှင် များမှ တစ်ဆင့်သိရှိရပါသည်။ Source:နကသ (ခရဟ)၊မျိုးသန့်
Background