Main menu

Background

တရုတ်အတိုးနှုန်းကြောင့် ရော်ဘာဈေးကျဖွယ်ရှိ

Sun, 12/12/2010 - 09:37 -- Anonymous (not verified)

တရုတ်အတိုးနှုန်းကြောင့် ရော်ဘာဈေးကျဖွယ်ရှိ               ကမ္ဘာ့ရော်ဘာသုံးစွဲမှု အများဆုံး တရုတ်နိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းနဲ့ ကုန်ကြမ်းဝယ်လိုအား တဖြည်းဖြည်းကျဆင်းတာကြောင့် ကုန်ဈေးနှုန်းထိန်းချုပ်ဖို့ အတိုးနှုန်းမြှင့်တင်ဖွယ်ရှိပြီး ရော်ဘာဈေးနှုန်းကို ရိုက်ခတ် နိုင်ကြောင်းသိရပါတယ်။ ဒီရက်သတ္တပတ်မှာ တရုတ်ရဲ့ အတိုးနှုန်းတွေ စတင်တက်ဖွယ်ရှိကြောင်း တရုတ်လုံခြုံရေး ဂျာနယ်မှာ ဖော်ပြထားတယ်လို့သိရပါတယ်။ ငွေဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ကမ္ဘာ့အကြီးဆုံး တရုတ်ကားဈေးကွက်မှာ အရောင်းကျခဲ့ကြောင်းJSC  ကုမ္ပဏီမှ သုတေသီက ပြောကြားခဲ့ပါတယ်။ တရုတ်ရဲ့ အတိုးနှုန်းမြင့်တက်ခြင်းက ရော်ဘာ ဈေးနှုန်းရဲ့ ရှေ့အလားအလာမှာ အကြီးဆုံးအန္တရာယ်ဖြစ်နိုင်ကြောင်း ၎င်းသုတေသီက ပြောကြားခဲ့ပါတယ်။ ရှန်ဟိုင်း ကုန်စည် ဒိုင်ရဲ့ မေလအတွက် ဈေးနှုန်းက တစ်တန်ကို ၃၂၂၅၅ ယွမ် ( ၄၈၄၉ ဒေါ်လာ) ဖြစ်ကာ ၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး နိုဝင်ဘာလဆန်းက ၃၈၉၂ဝ ယွမ် ရှိခဲ့ကြောင်း သိရပါတယ်။                                     Source: Bloomberg.com ,KZW