Main menu

Background

ထိုင်းရော်ဘာဈေးမှတ်တမ်းတင်လောက်အောင် မြင့်တက်

Sun, 12/12/2010 - 09:41 -- Anonymous (not verified)

ထိုင်းရော်ဘာဈေးမှတ်တမ်းတင်လောက်အောင် မြင့်တက်                 ကမ္ဘာ့ရော်ဘာတင်ပို့မှုအများဆုံးထိုင်းနိုင်ငံမှာ မိုးကြီးတာကြောင့်ရောင်းလိုအားဆက်လက်ပြတ်တောက် နေပြီး လက်ငင်းဈေးနှုန်းတွေက စံချိန်တင်မြင့်တင်လျက်ရှိစဉ်မှာ ဈေးနှုန်းမြင့်တက်မှုကြောင့် အမှန်သုံးစွဲသူတွေရဲ့ ဝယ်ယူသုံးစွဲမှု ကတော့ကျဆင်းနေကြောင်းသိရပါတယ်။ တိုကျိုကုန်စည်ဒိုင်ရဲ့ မေလအတွက် ဈေးနှုန်းက ဝ ဒသမ ၇ ရာခိုင်နှုန်းကျဆင်း ပြီးတစ်တန်ကို ၄၄၁၇ ဒေါ်လာရှိပါတယ်။ တာယာထုတ်လုပ်ရေးတွေလို သုံးစွဲသူတွေရဲ့ ဝယ်ယူမှုက နှေးကွေးနေပြီး သိုလှောင်မှု တွေလည်းကျဆင်းနေကြောင်းတိုကျိုအခြေစိုက်သုတေသီ ကပြောကြားခဲ့ပါတယ်။ ဂျပန်သိုလှောင်ရုံ တွေမှာရော်ဘာ ကုန်ကြမ်းသိုလှောင်မှု ၂ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး နိုဝင်ဘာလလယ်မှာ ( ၇၃၇၅) တန်သာရှိကြောင်း ဂျပန်ရော်ဘာ ကုန်သွယ်ရေးအသင်းက ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ လက်ငင်းရော်ဘာဈေးကွက်မှာ မှတ်တမ်းတင်လောက် အောင် ဈေးတက်ပြီး တစ်ကီလိုဂရမ်ကို ( ၄ဒသမ ၄၆ ဒေါ်လာ) ရှိကြောင်း ထိုင်းရော်ဘာသုတေသနဌာနက ပြောကြား ပါ တယ်။ ဝယ်လိုအားကောင်းဆဲဖြစ်ပေမဲ့ ထိုင်းတောင်ပိုင်းမှာ မိုးရွာတာကြောင့် ရောင်းလိုအားပြတ်လပ်မှုရှိနေကြောင်း ၎င်းဌာနက ဆက်လက်ပြောကြားပါတယ်။ ဝယ်လိုအားကောင်းဆဲဖြစ်ပေမယ့် ထိုင်းတောင်ပိုင်းမှာမိုးရွာတာကြောင့် ရောင်းလိုအားပြတ်လပ်မှု ရှိနေကြောင်း ၎င်းဌာနကဆက်လက်ပြောကြားပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းက စုစုပေါင်းထုတ်လုပ်မှုရဲ့ ၈ဝ ရာခိုင်နှုန်း ထွက်ရှိပါတယ်။ ထိုင်းနိုင်ငံ တောင်ပိုင်းပြည်နယ်များမှာ မိုးကြီးခြင်းက ရောင်းလိုအား အကျပ်အတည်းအတွက် သောက ပွားစေကြောင်း ဒီအက်စ်ဖျူးချားကုမ္ပဏီရဲ့သုတေသီကပြောကြားခဲ့ပါတယ်။ ထိုင်းတောင်ပိုင်းမှာ မုတ်သုန်ကရေကြီးမှုကို ဆက်လက် ဖြစ်ပေါ်စေဦးမှာဖြစ်ကြောင်း ထိုင်းသဘာဝဘေးအန္တရာယ်ကာကွယ်ရေးဌာနက ပြောကြားခဲ့ပါတယ်။ ရှန်ဟိုင်း ကုန်စည်ဒိုင်မှာတော့ မေလရဲ့ဈေးနှုန်းက ၂ ဒသမ ၁ ရာခိုင်နှုန်းတက်ပြီး ၃၂၃၆၅ ယွမ် ( ၄၈၅၈ ဒေါ်လာ) ရှိကြောင်း သိရပါတယ်။ ယခုနှစ်မှာ ကမ္ဘာ့ရော်ဘာသုံးစွဲမှုက ရောင်းလိုအား (၃၁၃ဝဝဝ) တန်ထက် သာလွန်နိုင်ကြောင်း ဂိုးဒန်းဆက်ချ် အုပ်စုရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ကမ္ဘာ့အကြီးဆုံး တာယာ ထုတ်လုပ်ရေးဖြစ်တဲ့ ဘရစ်စတုန်းကုမ္ပဏီက လာမယ့် ၁ဝ စုနှစ်မှာ ကုန်ကြမ်းစရိတ်တွေတက်တာကြောင့် ရော်ဘာ သုံးစွဲမှု ၅ဝ ရာခိုင်နှုန်း လျှော့ချမှာ ဖြစ်ကြောင်း ၎င်းကုမ္ပဏီ အထွေထွေမန်နေဂျာက ပြောကြားပါတယ်။ ၎င်းကုမ္ပဏီက သဘာဝရော်ဘာတန်ချိန် ( ၁ ဒသမ ၇၇ သန်း) သုံးစွဲမှုဖြစ်ပြီး တာယာ ထုတ်လုပ်ရေးအတွက် ယခုနှစ်မှာရော်ဘာတု သုံးစွဲမှုကို ၂ဝဝ၉ ကထက် ၂၄ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲမှာ ဖြစ်ကြောင်း သတင်း ရရှိပါတယ်။                                                                                                  Source: Bloomberg.com, KZW