ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသထွက် ပြောင်းဝင်ရောက်မှုများ၊ ပြောင်းတင်ပို့မူပို တစ်ဘက်နိုင်ငံ ဝယ်လိုအားရှိပြီး ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသထွက် ပြောင်းများ ဝင်ရောက်မှုများပြားလာခြင်း၊ ယခင်အပတ်ကထက် မူဆယ်-ရွှေလီ ဘက်မှာ ပြောင်းတစ်တန်လျှင် ယွမ် ၁၈ဝဝ ရှိရာမှ ယခုအပတ်မှာ ၁၈၉ဝ ယွမ် ဈေးရရှိခြင်းတို့ကြောင့် ယခင်အပတ်ကထက် ပြောင်းတင်ပို့မှု ပိုမိုခဲ့ပါတယ်။ ဒီဇင်ဘာ ၁ ရက်မှ ၇ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဘက်နိုင်ငံသို့ ပြောင်းတန်ချိန် ၁၉၆၂ဝ ကျော်၊ ကန်ဒေါ်လာ ၅ ဒသမ ဝ၈ သန်းဖိုးနဲ့ နံှစားပြောင်း ၆၁၂ ဒသမ ၅ တန် ၊ ကန်ဒေါ်လာ ဝ ဒသမ ၁၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ မကွေး၊ တနင်္သာရီနဲ့မန္တလေးတိုင်း ဒေသကြီးများ က ထွက်ရှိတဲ့ ပြောင်းဖူးစေ့နဲ့ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးများကထွက်ရှိတဲ့ နံှစားပြောင်း များကို မူဆယ် ၁ဝ၅ မိုင်မှ တင်ပို့နေခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကထက် ပြောင်းဖူးစေ့ ၄၂၄ တန် ပိုမို တင်ပို့နိုင်ခဲ့သော်လည်း နံှစားပြောင်း ၁၃၅ တန် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်မှ ဒေသထွက်ပြောင်းများ တင်ပို့ လျက်ရှိရာ ယခုအပတ်မှာ ပြောင်းဖူးစေ့ ၉၁ တန်ကန်ဒေါ်လာ ၂၂၇၅ဝ ဖိုး တင်ပို့ နိုင်ခဲ့ပြီး လွယ်ဂျယ်မှ ပြောင်းတင်ပို့မှုမှာယခင်အပတ်ကထက် တန်ချိန် ၆ဝဝ ကျော် လျော့နည်းခဲ့ပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၅ဝ၅၄၄ ၂၄၈၇ဝ၁ ၁၈၄၃ ဝ .၇ ၂၈၄ ၂၈၂ ၂ ဝ .၇MIRT (DOBT)
Background