Main menu

Background

ပြောင်းဝယ်လိုအားကျဆင်းနေ

Sun, 12/12/2010 - 10:03 -- Anonymous (not verified)

 ပြောင်းဝယ်လိုအားကျဆင်းနေ              အမေရိကန်ရဲ့ပြောင်းဈေးနှုန်းတွေကျပြီးပို့ကုန်တွေလည်းတင်ပို့မှု လျော့နည်းနေကြောင်း သိရပါတယ်။ ဒီဇင်ဘာလရဲ့ စာခုျပ်ဈေးက နှစ်ရာခိုင်နှုန်း လျော့နည်းပြီး တစ်ဘူရှယ်ကို ၅ ဒသမ ၄ ဒေါ်လာရှိပြီး မတ်လအတွက် စာချုပ်ဈေး ကတော့ မဆိုးလှကြောင်းနဲ့ ပို့ကုန်ကျဆင်းခြင်းကြောင့် စိတ်ပျက်ဖွယ်ဖြစ်ကြောင်း ကသုတေသီများက ပြောကြားပါတယ်။ အမေရိကန်စိုက်ပျိုးရေးဌာနUSDA ရဲ့ အစီရင်ခံစာအရ အသားတင်ရောင်းချရမှုမှာ ယခုအပတ်မှာ ၈ ရာခိုင်နှုန်းကျဆင်းပြီး ( ၇၅၈၁ဝဝ) မက်ထရစ်တန်ရှိကြောင်းနှင့် လွန်ခဲ့တဲ့လေးပတ်က ၂၇ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့ကြောင်းသိရပါတယ်။ ဂျပန်နဲ့ အမည်မသိ အခြားတစ်နိုင်ငံကို တင်ပို့ ခဲ့ပေမဲ့ ဝယ်လိုအား များကပုံမှန်မဟုတ်ကြောင်းUSDA ကပြောကြားခဲ့ပါတယ်။ ဝယ်လိုအားပြတ်လပ်နေပေမဲ့လည်း အမြတ်အစွန်းကတော့ ၃ ရာခိုင်နှုန်း ခန့် ပိုမိုရရှိကြောင်း သုတေသီများကပြောကြားပါတယ်။ ပြောင်းဈေးနှုန်းတွေဟာUS ရဲ့ မရေရာတဲ့ အီသနော ပေါ်လစီကြောင့်ဖိအားပေး ခံနေရခြင်းဖြစ်ကြောင်း သိရပါတယ်။ ကုန်သည်နဲ့သုတေသီများကယခုနှစ်ကုန်မှာ သက်တမ်းကုန်မဲ့ အီသနောရငွေ ပိုင်းဆိုင်ရာကို ကွန်ဂရက်က အသစ်ပြုပြင်နိုင် ဖို့မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ အများဆုံးမျှော်လင့်မှုကတော့ ရငွေပိုင်းကို လျှော့ချရေးဘဲဖြစ်ကာ အချို့ကတော့ လုံးဝ သက်တမ်းကုန်သွားလိမ့်မယ်လို့ ယူဆနေကြောင်းသိရပါတယ်။ အာဂျင် တီးနား ပြောင်းအုပ်စုကလည်း ပြောင်းဈေးနှုန်းကျဆင်းခြင်းကြောင့် သောကရောက် နေကြောင်း သိရပါတယ်။ ကမ္ဘာ့ဒုတိယ ပြောင်းထုတ်လုပ်တဲ့ အာဂျင်တီးနားဟာ စိုက်ပျိုးတဲ့ရာသီမှာ ခြောက်သွေ့မှုတွေဖြစ်နေတာကို ဖြတ်ကျော် ရမှာဖြစ်ပါတယ်။ အာဂျင်တီးနားရဲ့ ရာသီဥတုကဈေးကွက်ကို မြင့်တက်အောင်လုပ်နိုင်မယ်ဆိုရင် ပြောင်းအတွက်လည်းအကျိုးရှိမှာဖြစ်ကြောင်းသိရပါတယ်။ ပြောင်းဟာ မကြာခင် သူ့ရဲ့ ဝတ်မှုန်ကူးတဲ့ရာသီကိုရောက်တော့ မှာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ခြောက်သွေ့ခြင်းဟာ သီးနံှရိတ်သိမ်းမှုကို ထိခိုက်စေကြောင်းသိရပါတယ်။ ရေရှည်မှာ ဈေးကွက်ဟာ ကမ္ဘာ့သီးနံှအကျပ်အတည်းနဲ့ သိုလှောင်မှု ၁၅ နှစ်အတွင်းUS ပြောင်းအကျပ်အတည်း တွေကြောင့်ကောင်းမွန်တဲ့အလားအလာရှိနေတယ်လို့ အချို့ကုန်သည်များနဲ့ သုတေသီများကပြောကြားပါတယ်။အီသနောရဲ့ အလား အလာလည်း ကျဆင်းနေပြီးဇန်နဝါရီလအတွက် ရောင်းဈေးက ၁ ရာခိုင်နှုန်း ကျဆင်းကာ တစ်ဂါလံကို ၂ ဒသမ ဝ၆၉ ဒေါ်လာရှိကြောင်းသတင်း ရရှိပါတယ်။ ှSource: Internet, KZW