Main menu

Background

တနင်္သာရီတိုင်းတွင် ကဏန်း ဘေးမဲ့ဇုန်ဧက ၆ဝဝ ခန့်ရှိ

Tue, 12/14/2010 - 04:19 -- Anonymous (not verified)

 တနင်္သာရီတိုင်းတွင် ကဏန်း ဘေးမဲ့ဇုန်ဧက ၆ဝဝ ခန့်ရှိ              တနင်္သာရီတိုင်းတွင် ကဏန်းဘေးမဲ့ဇုန်များ အဖြစ် ဧက ၆ဝဝ ခန့်ကို ခရိုင် ၃ ခုတွင် သတ်မှတ်ခဲ့ပြီး ဖြစ်ကြောင်း မြိတ်ကျွန်းစုဂေဟစနစ် ထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။             '' တနင်္သာရီတိုင်းမှာ မြိတ်ခရိုင်၊ ထားဝယ်ခရိုင်နဲ့ကော့သောင်းခရိုင် ၃ ခုအနက် ထားဝယ်ခရိုင်၊ ထားဝယ် မြစ်အနီးရှိ သရက်ချောင်းမြို့နယ်၊ လဘကျေးရွာအုပ်စု၊ ကွင်းအမှတ် ၄ဝ၉ (B)တွင် ဧရိယာ ၁၁၅ ဧက၊ ကော့သောင်း ခရိုင် ဘုတ်ပြင်းမြို့နယ်၊ အုန်းတောကမ်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၆၁၁ (ဂ) တွင် ဧရိယာ ဧက ၁ဝဝ၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ပန်းဇင်ကျေးရွာအနီး ကမ်းမီးစပ်ချောင်းနှင့် မအိုင်ရေပြင်အကြားရှိ - ပန်းဇင်ချောင်း၊ ပိတပ်ချောင်း၊ သိန်ဇွယ်ဝချောင်းများတွင် ဧရိယာ ဧက ၃၅ဝ စုစုပေါင်း ဧက ၆ဝဝ ခန့်ကို ကဏန်းဘေးမဲ့ဇုန် အဖြစ်သတ်မှတ်ထားပြီး ဖြစ်ပါတယ် '' ဟု ယင်းအဖွဲ့ဥက္ကဌ ဦးဟန်ထွန်းက ပြောကြား သည်။                အဆိုပါဒေသများရှိ ဘုတ်ပြင်းမြို့နယ်တွင် ကဏန်းကောင်ရေ ၃၅ဝဝ ကိုလည်းကောင်း၊ သရက်ချောင်း မြို့နယ်တွင် ကဏန်းကောင်ရေ ၆ဝဝ ကျော်ကိုလည်း ကောင်း၊ စုစုပေါင်း ကဏန်းကောင်ရေ ၄ဝဝဝ ကျော်ကို ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်အတွင်း မျိုးစိုက်ထည့်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။ ခင်မျိုးသွယ်