Main menu

Background

ပုဂံနှင့် အန်ကောဝပ်ဘုရားကျောင်းသို့ တိုက်ရိုက်လေကြောင်း ပံျသန်းရန်စီစဉ်

Tue, 12/14/2010 - 05:32 -- Anonymous (not verified)

 ပုဂံနှင့် အန်ကောဝပ်ဘုရားကျောင်းသို့ တိုက်ရိုက်လေကြောင်း ပံျသန်းရန်စီစဉ်                မြန်မာနိုင်ငံမှMAI လေကြောင်းလိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ မှ အဲကမ္ဘောဒီးယားတို့သည့် ရှေးဟောင်းမြို့တော် ပုဂံနှင့် အန်ကောဝပ် ဘုရားကျောင်းသို့ တိုက်ရိုက်လေကြောင်းလိုင်းခရီးစဉ် ပံျသန်းရန် စီစဉ်လျက်ရှိကြောင်းသိရသည်။ အဆိုပါ တိုက်ရိုက်လေကြောင်း ခရီးစဉ်အရ ပုဂံ-ညောင်ဦး လေဆိပ်နှင့် ဆီရမ်ယိလေဆိပ်တို့တွင် ဆင်းသက်ပံျသန်းကြမည်ဖြစ်ကြောင်းသိရသည်။''MAI လေကြောင်း လိုင်းအနေနဲ့က ခရီးသည်ရရှိတာနဲ့ စတင်ပံျသန်းသွားမှာပါ။ အဲ ကမ္ဘောဒီးယားကလည်း ပံျသန်းနိုင်ရေးစီစဉ်နေပါတယ်''ဟု MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ အဆိုပါ လေကြောင်းခရီးစဉ် ပံျသန်းရန် နှစ်နိုင်ငံမှ တာဝန်ရှိသူများသည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း၊ MAI လေကြောင်းလိုင်းသည် ရန်ကုန်၊ မန္တလေး၊ ပုဂံ ညောင်ဦးနှင့် ဆီရမ်ယိသို့ပံျသန်းရန်ရှိပြီး လိုအပ်သည့် ပြင်ဆင်မှုများ ကို ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။                 MAI  လေကြောင်းလိုင်းသည် နိုင်ငံတကာလေကြောင်းဈေး ကွက်သို့ ထိုးဖောက်ရန်စီစဉ်ထားရှိပြီး လေယာဉ်သစ်များကို ဝယ်ယူ လျက်ရှိရာ ဒီဇင်ဘာ ၁၁ ရက်တွင် လေယာဉ်အသစ်တစ်စင်း ထပ်မံ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ '' နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း အတွက် များစွာအရေးပါတဲ့ တိုက်ရိုက်ပံျသန်းမှုပါပဲ၊ အန်ကောဝပ် ဘုရားကျောင်းကို လာတဲ့သူက ပုဂံကိုလာနိုင်မှာဖြစ်သလို ပုဂံကို လာတဲ့သူကလည်း အန်ကောဝပ်ကို ဆက်သွားနိုင်မှာပါ''ဟု ခရီးသွား လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။ ကမ္ဘောဒီးယားနိုင်ငံသို့ တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုသည် သုံးသန်းခန့်ရှိပြီး အများစုသည် အန်ကောဝပ်ဘုရားကျောင်းကိုသာ အဓိက သွား ရောက်ကြကြောင်း၊ ထိုသို့ တိုက်ရိုက်ခရီးစဉ်ကြောင့် ပုဂံသို့ကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှု ပိုမိုမြင့်မားလာနိုင်ကြောင်း သိရသည်။ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ များတွင် Visa  တစ်ခုတည်းဖြင့်သွားရောက်နိုင်မည့် ှSingle Visa ကို အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်းသိရပါသည်။ ကိုဖြိုး