Main menu

Background

ကားဈေးကွက်အေးနေသော်လည်း စက်မှုဇုန်ထုတ် ပုံဆန်းကားများနှင့် တင်သွင်းကားများ အမေးများနေ

Tue, 12/14/2010 - 05:43 -- Anonymous (not verified)

 ကားဈေးကွက်အေးနေသော်လည်း စက်မှုဇုန်ထုတ် ပုံဆန်းကားများနှင့် တင်သွင်းကားများ အမေးများနေ               ရန်ကုန်မြို့ကားဈေးကွက်သည် ယခင်ကာလများနည်းတူ အေးနေဆဲ၊ အကျဈေးတန်းဖြင့် အီနေဆဲဖြစ် သော်လည်း ပုံမှန်မဟုတ်သည့် ကြားပေါက် အရောင်းအဝယ်လေးများနှင့် ကြိုက်ရောင်းကြိုက်ဝယ်သဘောမိုျး ရှိလာ ကြောင်း တွေ့ရသည်။                     ကားကောင်းကားသန့်များ အများဆုံးစတည်းချရာ လူသိများသော ဝိုင်းတစ်ခုဖြစ်သည့် ဟံသာဝတီဝိုင်း (အပေါ်ဝိုင်း) တွင် ထုံစံအတိုင်း လတ်တလောဈေးကွက်ဝင်ကားမှန်သမျှ စုံလင်သဖြင့် ကားကောင်းကြိုက်သူများ၊ ဈေးကွက်ပတ်သူများ အမြဲရှိနေပြီး လူဝင်လူထွက်မဆိုးလှကြောင်း အပေါ်ဝိုင်းယာဉ်အကိုျးဆောင် ကိုမြင့်ကျော် မှပြောသည်။ ယခုရက်သတ္တပတ်အတွင်း ပြည်ပမှတင်သွင်းလာသော ကားကောင်း ကားသန့်များ ကြိုတင်ရောင်းချမှုများရှိလာသဖြင့် အပေါ်ကားဈေးကွက် လှုပ်ရှားမှုရှိလာပြီး ပြန်လည်အမေးများလာကြောင်း၊ ယခင်လကုန်ပိုင်းခန့်က ဝိုင်းထဲရောက်လာသည့် အငှားယာဉ်အသွင်ပြောင်း တိုယိုတာ(98) ဖင် ကောက်များ၊ မတ်(ခ်)တူးများလည်း အသစ်အသစ်ဝင်ရောက်လာသော ကားများကြောင့် အရောင်းအဝယ်မရှိသလောက် ဖြစ်သွားကြောင်း သိရသည်။               ထပ်မံတင်သွင်းလာသည့်ကားများမှာ တိုယိုတာအုပ်စုဝင် အဆင့်မြင့် ဆလွန်းကားများနှင့် အီဇူးဇူးနှစ်ခန်းတွဲကားများဖြစ်ကြောင်း၊ ဈေးတန်း အနေဖြင့် ကျပ် ၆ဝဝ သိန်းဝန်းကျင်ဖြင့် အရောင်းအဝယ် ဖြစ်ကြကြောင်း သိရသည်။                        ယခုအခါသက်ဆိုင်ရာမှ အဆင့်မြင့်စက်မှုဇုန်ထုတ်ကားများ ခွင့်ပြု လာသဖြင့် တရုတ်ကိုရီးယားဖက်စပ် ကားပုံဆန်းများ ထုတ်လာကြပြီး ဈေးတန်းများမှာလည်းများသည်ဟု ဆိုနိုင်သည်။ ကျပ် ၂ဝဝ သိန်းကျော်ကျော် ၃ဝဝ သိန်းစွန်းစွန်းသာသတ်မှတ်သဖြင့် အတိုင်းအတာတစ်ခုအထိ ရောင်းချ လာကြရကြောင်း သိရသည်။ ဝိုင်းထဲရှိ လက်ရှိကားဟောင်းများမှာ ကားသန့်၊ ကားချောပါက တစ်စီး တစ်လေအရောင်းအဝယ်ဖြစ်ကြောင်း၊ စူပါဆလွန်း(၈၆) အက္ခရာ(သ) အား ၁၅ဝ သိန်းဖြင့် လည်းကောင်း ကိုရိုလာဗင်(၉ဝ) ဒီဇယ်အက္ခရာ 'ခ' တန်း အား ၂၄၅ သိန်းဖြင့်လည်းကောင်း ရောင်းချခဲ့ကြောင်း သိရသည်။                                                                                                                                                    SN