Main menu

Background

မန္တလေးမြို့သစ်ရှိ မြေကွက်အချို့ ဈေးမြင့ ်လာဖွယ်ရှိ

Tue, 12/14/2010 - 05:46 -- Anonymous (not verified)

 မန္တလေးမြို့သစ်ရှိ မြေကွက်အချို့ ဈေးမြင့ ်လာဖွယ်ရှိ                မန္တလေးမြေဈေးကွက်တွင် စက်မှုဇုန်(၂) တောင်ဘက်ရှိ လက်ကားကုန်စည် ဒိုင်နဲ့ ကားကြီးကွင်း စီမံကိန်းအနီးရှိ ''လလ''နဲ့ ''ဝဝ'' မြေကွက်များမှာ စီမံကိန်းကြောင့် ဈေးမြင့်တက်ခဲ့ရာမှ လတ်တလောမှာ ဈေးတန့်လျက်ရှိပြီး စီမံကိန်းအကောင် အထည်ဖော်ပြီးပါက ဈေးမြင့်လာဖွယ်ရှိကြောင်း သိရပါတယ်။                မြို့သစ်ရှိ မြေအကျိုးဆောင်တစ်ဦးက''မြေကွက်ဈေး အတက်အကျက ရင်းနှီး မြုပ်နံှသူနဲ့ဆိုင်တယ်။ သူကမြေဝယ်မှုမရှိရင် ဈေးကျတာပဲ။ စီမံကိန်းအနီးက ''လလ'' နဲ့''ဝဝ'' အကွက် ဆို စီမံကိန်းစမယ်ဆိုတော့ ဈေးမြင့်တက်ခဲ့တယ်။ အခု အကောင် အထည်ဖော်နေတဲ့အတွက် အမြင့်ဈေးရောက်ခဲ့လို့ ဈေးတန့်နေတာ။ စီမံကိန်း အကောင်အထည်ဖော်ပြီးရင် ဈေးပြန်တက်လာနိုင်တယ်။ အရောင်းအဝယ်တော့ ရှိနေတယ်။ မအေးဘူး။ ဇဇ၊ ညည၊ ပပ၊ မမ အကွက်တွေက ရေကြီးပြီးကတည်းက အရောင်းအဝယ် မရှိသလောက်ဘဲ ဈေးကွက်အီနေတာ''လို့ ပြောပါတယ်။ မြေကွက်ဈေးနှုန်းများမှာ ''လလ'' အရှေ့ခြမ်း ပေ ၄ဝx ၆ဝ တစ်ကွက်ကို ၅၉ လမ်း၊ လမ်း ၆ဝပေါ်မှာ သိန်း ၂ဝဝ ကျပ်ဝန်းကျင်၊ ကြားကွက် သိန်း ၁ဝဝကျပ် အထက်၊ ၅၂ လမ်း ၅၃ လမ်းမပေါ် သိန်း ၁ဝဝ ကျပ်၊ ကြားကွက်သိန်း ၆ဝ၊ ၆၅ သိန်း ဝန်းကျင်ရှိ၍ ''လလ'' အနောက်ခြမ်း ၆၆ လမ်းနှင့် ၆၇ လမ်းမပေါ် သိန်း ၅၅ဝ၊ ၆၅ဝ ဝန်းကျင်၊ ၆၄ လမ်း၊၆၅လမ်းမပေါ် သိန်း ၄ဝဝ နဲ့ ၅ဝဝ ကြားရှိပြီး ကြားကွက် သိန်း ၂ဝဝ ကျပ်ဝန်းကျင်ရှိကြောင်းသိရပါတယ်။ '' ဝဝ''အကွက်များ မှာ သိန်း ၅၅ဝ၊ သိန်း ၆ဝဝရှိပြီး ၆၇လမ်း၊ ၆၈လမ်း ကျောကပ်မှာ သိန်း ၄၅ဝကျပ်၊ ကြားကွက် သန်း၃ဝဝ ကျပ ် ဈေးရှိကြောင်းသိရပါတယ။် ဇူူးးဇူူး