Main menu

Background

ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက်တွင် ကွန်ဒိုများ အငှားပိုလိုက်လာ

Tue, 12/14/2010 - 05:56 -- Anonymous (not verified)

 ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက်တွင် ကွန်ဒိုများ အငှားပိုလိုက်လာ                        ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း ကွန်ဒိုခန်းအငှားများ ပိုလိုက်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီများထံက သိရသည်။ ''ဒီဇင်ဘာလဆန်း ၁ဝ ရက်အတွင်း အငှားဈေးကွက်ထဲမှာ ကွန်ဒိုတိုက်ခန်း အငှားတွေ ပိုလိုက်လာပါတယ်။ ကွန်ဒိုက လမ်းမကြီးတွေပေါ်မှာ တည်ရှိနေတာကြောင့် သွားရေး၊ လာရေး လွယ် ကူတယ်၊ လုံခြုံရေးကောင်းတယ် Shopping Mall  တွေ ပါတဲ့အတွက် တစ်ကိုယ်ရေတစ်ကာယ သမားတွေ၊ မိသားစုသိပ်မများတဲ့ သူတွေအတွက် အဆင်ပြေတယ်။ ဒီအပတ်ထဲမှာ မြို့လယ်က ကွန်ဒိုတွေဖြစ်တဲ့ ကျောက်တံတား၊ ဗိုလ်တထောင်နဲ့ ဒဂုံမြို့နယ် တွေထဲက ကွန်ဒိုတွေ အငှားရှိခဲ့ပါတယ်၊ တစ်လကို အနိမ့်ဆုံး ကျပ် လေးသိန်း ခွဲကနေ ကျပ်ခုနစ်သိန်းအတွင်း အငှား တည့်ခဲ့ပါတယ်။ ဒေါ်လာနဲ့ အငှားဈေး က တစ်လကို ဒေါ်လာ ၉ဝဝ နဲ့ ၁ဝဝဝ ကြားမှာ တည့်ခဲ့ပါတယ်''ဟု မရမ်းကုန်း မြို့နယ် အခြေစိုက် အိမ်ခြံမြေကုမ္ပဏီ တစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ခင်မျိုးသွယ်