Main menu

Background

ဟိုပုံး ချင်းစိုဈေးကွက်ဝင်

Tue, 12/14/2010 - 06:43 -- Anonymous (not verified)

ဟိုပုံး ချင်းစိုဈေးကွက်ဝင်                ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ဒုတိယချင်းအများဆုံးစိုက်တဲ့ ဟိုပုံးမြို့နယ်က ချင်းစိုတွေလည်း ဒီတစ်ပတ်မှာ ဈေးကွက်ထဲကို အနည်းငယ်ဝင်ရောက်စပြုနေပါပြီ။ အပင်သေးတဲ့ချင်းတွေကိုသာ စပြီးဖော်တာကြောင့် ချင်းက အဝင်နည်းနေပါ သေးတယ်။ နောက်နှစ်ဆန်းပိုင်းမှာတော့ ချင်းအဝင် လှိုင်လာတော့မှာဖြစ်ပါတယ်။ ဟိုပုံးချင်းစိုတွေကို တစ်ပိဿာ ၅ဝဝ ကျပ်ဈေးနဲ့ ဈေးစဖွင့်ပါတယ်။ အဝင်နည်းနေ သေးတာကြောင့် လက်လီဈေးအဖြစ်နဲ့သာ ဝယ်ရောင်းနေကြပြီး လက်လီဈေး ကတော့ တစ်ပိဿာ ၇ဝဝ ကျပ်၊ ၈ဝဝ ကျပ်ဈေးရှိပါတယ်။ ဟိုပုံးချင်းက ဒီနှစ် အထွက်နှုန်းလည်း နည်းနိုင်ပါတယ်။ စစိုက်ခါစမှာ နေအပူချိန်ပြင်းတာကြောင့် ချင်းအတော်များများက မြေကြီးထဲမှာသာ ပုပ်သွားတယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ချင်းကအဝင်လှိုင်နေပြီး တစ်ပိဿာ ၆ဝဝ ကျပ်၊ ၇ဝဝ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ တောင်ကြီး၊ အောင်ပန်းဈေး အတူတူဖြစ်ပြီး တစ်ပိဿာ ၂၆ဝဝ ကျပ်၊ ၂၇ဝဝ ကျပ်ဈေးရှိပါတယ်။ ပြည်တွင်းသုံး အတွက်သာ အဓိကဝယ်ယူနေကြပြီး တစ်ပတ်အတွင်း ချင်းပိဿာချိန်ပေါင်း ၁ ဒသမ ၉ သိန်း စီးဆင်းသွားတယ်လို့ ချင်းပွဲရုံတွေက သိရှိရပါတယ်။                                                                                                                  ဧဧခိုင်