Main menu

Background

အဝင်အေးသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ကြက်သွန်နီ

Tue, 12/14/2010 - 06:44 -- Anonymous (not verified)

အဝင်အေးသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ကြက်သွန်နီ                 ယခုအချိန်သည် ကြက်သွန်နီများ အစို့ပေါက်တဲ့ကာလဖြစ်လို့ မကွေး တိုင်းဒေသကြီးမှ ပြည်ဈေးကွက်သို့ ယခုတစ်ပတ်မှာ အဝင်နည်းလာပါတယ်။ ယခင်တစ်ပတ်ကို ၃၅ ပိဿာဝင်အိတ် ၃ဝဝဝ ခန့် ပုံမှန်အဝင်ရှိရာမှ ယခုအိတ် ၁၆ဝဝ ခန့်သာ အဝင်ရှိပြီး အရောင်းအဝယ်မှာလည်း တစ်နေ့ကို အိတ် ၁ဝဝ- ၁၂ဝ ခန့်နဲ့ ပုံမှန်ရောင်းဝယ် နေပါတယ်။ ဈေးနှုန်းအနေနဲ့လည်း ပွဲရုံများမှာ ကြက်သွန်နီ တစ်ပိဿာ အနိမ့်ဆုံး ၄ဝဝ ကျပ်မှ အမြင့်ဆုံး ၅၅ဝ ကျပ်ထိ ပုံမှန်ဈေးရှိပြီး လက်လီဈေးကလေးများမှာတော့ အကြီး တစ်ပိဿာ ၇ဝဝ ကျပ်၊ အလတ် ၆ဝဝ ကျပ်၊ အသေး ၅ဝဝ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိကြောင်း သိရပါတယ်။                                                                                          ဝင်းလဲ့ဝါ