Main menu

Background

အိန္ဒိယနနွင်းတောင်သူများအတွက် အကျိုးအရှိဆုံးကာလ

Tue, 12/14/2010 - 07:24 -- Anonymous (not verified)

အိန္ဒိယနနွင်းတောင်သူများအတွက် အကျိုးအရှိဆုံးကာလ             ယခုနှစ် ၂ဝ၁ဝ ခုနှစ်ဟာ အိန္ဒိယနနွင်းတောင်သူရဲ့ နှစ်လို့ဆိုရမှာပါ။ ဈေးကွက်ကို လက်ကျန်အကန့် အသတ်သာ ရောင်းချခြင်းခြင်းဖြင့် ဈေးနှုန်းဆုံးဖြတ်ပေးကြသလို နနွင်းဈေးကလည်း ၎င်းတို့အတွက် ဆွဲဆောင်မှုရှိတဲ့ ဈေးနှုန်းဖြစ်လာ ခဲ့တယ်လို့ အီရော့ နနွင်းကုန်သည်များအသင်းဥက္ကဌ Mr. R. V Ravishahlxar  ကပြောကြားပါတယ်။ နနွင်းအသစ်ကတော့ နောက်ထပ် ၄၅ ရက်ကျော်မှ ဈေးကွက်ထဲ ဝင်လာမယ်လို့လည်း ၎င်းက ဆက်လက်ပြောကြားပါတယ်။ လက်ရှိတောင်သူ တွေ လက်ထဲမှာ နနွင်းလက်ကျန်ကအိတ် ၄သိန်းကျော်သာ ကျန်ရှိပြီး ဈေးကောင်းရဖို့ တဖြည်းဖြည်းနဲ့ ထုတ်ရောင်း နေကြ တယ်လို့ ဆိုပါတယ်။             အိန္ဒိယမြောက်ပိုင်း နနွင်းကုန်သည်များဟာ အခြားဒေသတွေမှာ လက်ကျန်မရှိတာကြောင့် အီရော့ဈေးကွက်ကိုသာ အမှီပြုနေကြရပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်အတွင်း နနွင်းဝင်ရောက်မှု ကျဆင်းလာခြင်းကြောင့် နနွင်းဈေးအနည်းငယ် တိုးတက် လာခဲ့ပါတယ်။ ဒီဇင်ဘာလ ၈ ရက်နေ့မှာ နနွင်းတစ်တန်ကို ရူပီး ၂ဝဝဝ (ကန်ဒေါ်လာ ၄၄ ဒသမ ၃၉) မြင့်တက်ခဲ့ပါတယ်။ ယခင်နှစ်ကာလတူက နနွင်းဝင် ရောက်မှုရော၊ ရောင်းချမှုပါ မြင့်တက်နေပေမဲ့ ယခုနှစ်မှာတော့ အကန့်အသတ်သာ ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ဈေးအတိုင်းလာမယ့် သီတင်းပတ်ကုန်တဲ့အထိ ဆက်ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒီဇင် ဘာလ ၈ ရက် အီရော့နနွင်းကုန်သည်များ အသင်းဈေးဝန်းမှာ နနွင်းလက်ချောင်းဈေးက တစ်တန်ကို ရူပီး ၉၄၁၃ဝ-၁၆၁၄၉ဝ (ကန်ဒေါ်လာ ၂ဝ၉ဝ-၃၅၈၅)၊ နနွင်းဥဈေးက တစ်တန်ကို ရူပီး ၉၁၁၃ဝ-၁၅၉ဝဝဝ (ကန်ဒေါ်လာ ၂ဝ၂၃- ၃၅၃ဝ) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး အီရော့သမဝါယဈေးကွက်မှာ နနွင်းလက်ချောင်း တစ်တန်ကို ရူပီး ၁၅၅၅၆ဝ- ၁၆၁ဝဝဝ (ကန်ဒေါ်လာ ၃၄၅၃-၃၅၇၄)၊ နနွင်းဥဈေးက တစ်တန်ကို ၁၅၇၅၆ဝ-၁၅၈၅၅ဝ (ကန်ဒေါ်လာ ၃၄၉၈-၃၅၂ဝ) နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။                                                          ယမုံနာ၊ှSources: businessline