Main menu

Background

ဘုရင့်နောင်မှာမတ်ပဲ (RC) ဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ဖြစ်

Tue, 12/14/2010 - 10:23 -- Anonymous (not verified)

ဘုရင့်နောင်မှာမတ်ပဲ (RC) ဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ဖြစ်                 ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲ(RC)  ၊ မတ်ပဲ(SQRC) နဲ့ပဲစင်းငုံနီ (RC)တို့သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲ(RC) ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်ကြီးများက ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေး ဆက်တိုက်ကျဆင်းနေတာကို မူတည်ပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၇၁၈ဝဝဝ ကျပ်မှ အမြင့်ဆုံး ၇၂၅ဝဝဝကျပ်အတွင်း ၃၁ဝ၅တန် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။ မတ်ပ ဲ(SQRC) ကိုလည်း ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ကုန်သည်များက တစ်တန်ကို အနိမ့်ဆုံး ၈၈၅ဝဝဝကျပ်မှ အမြင့်ဆုံး ၈၉၃ဝဝဝ ကျပ်အတွင်း တန် ၁၁ဝ၄ ခန့်အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင်ပဲစင်းငုံနီ (RC)ကိုလည်း ပြည်ပတင်ပို့ရန်ဝယ်ယူ နေတဲ့ ကုန်သည်များက တစ်တန်ကို ၄၇၅ဝဝဝ ကျပ်နဲ့ တန် ၁၁၅ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။