Main menu

Background

အောင်ပန်းမှာ အာလူးဈေးငြိမ်ပြီး အရောင်းအဝယ်ပုံမှန်ဖြစ်

Wed, 12/15/2010 - 06:49 -- Anonymous (not verified)

အောင်ပန်းမှာ အာလူးဈေးငြိမ်ပြီး အရောင်းအဝယ်ပုံမှန်ဖြစ်                     ဒေသထွက် အာလူးက ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက် နဲ့ နယ်ဝယ်လက် အစုံက လည်း တစ်ပိသာကို ၆၃၀ ကျပ်နဲ့ တစ်ပတ်အတွင်းပိဿာချိန် ၅၈၈ဝဝဝ ခန့်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ဂေါ်ဖီကို ရန်ကုန်နဲ့ နေပြည်တော်ဝယ်လက်က တစ် ပိဿာကို အနိမ့်ဆုံး ၈ဝ ကျပ်မှ တစ်ပိဿာကိုအမြင့်ဆုံး ၁ဝဝ ကျပ် အတွင်း ပိဿာချိန် ၃၂ဝဝဝဝ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ ဒေသခံကုန်သည်များက ဆိုပါတယ်။